logo
myanmar
youtube

YouTube
Advertising

YouTube ဆိုတာ Google က ပိုင်ဆိုင်တဲ့ ကမ္ဘာ့ ဒုတိယအကြီးဆုံး Search Engine ကြီးဖြစ်ပါတယ်။ ကမ္ဘာမှာ အချိန် ၁ မိနစ်တိုင်း YouTube Video ကြည့်ရှုမှုပေါင်း ၂.၈ သန်းရှိပါတယ်။ (REF: Smart Insights Official)

မြန်မာနိုင်ငံမှာလဲ YouTube ကြည့်ရှု့သူအရေအတွက် တစ်နေ့တစ်ခြားတိုးတက်များပြားလာတဲ့အတွက်၊ ကိုယ့်ရဲ့ Branding တွေ၊ Promotion တွေကို ယခင်က TV မှာကြော်ငြာသလို၊ YouTube မှာ ကြော်ငြာခြင်းဖြင့် အဆင့်မြှင့်တင်နိုင်ပါတယ်။ ကျနော်တို့ Agency မှ လူကြီးမင်းရဲ့ စီးပွားရေးလုပ်ငန်းအတွက် YouTube Advertising ဝန်ဆောင်မှုကို YouTube advertising (Video ရိုက်ကူးတည်းဖြတ်ခြင်းမပါ) စိတ်တိုင်းကျသည်အထိ ဝန်ဆောင်မှုပေးပါတယ်။

YouTube Advertising
YouTube ကြော်ငြာအမျိုးအစားများ
Display Ads
Display Ads

Feature Video တွေရဲ့ညာဘက်မှာနဲ့ Video Suggestion တွေရဲ့အပေါ်ဘက်မှာ ကြော်ငြာဖော်ပြပေးမှာ ဖြစ်ပါတယ်။

Skippable Video Ads
ကျော်လို့ရသော ကြော်ငြာ

ဒီကြော်ငြာအမျိုးအစားကတော့ ကြော်ငြာကို ၅ စက္ကန့်ကြည့်ပြီးသွားရင် ကျော်နိုင်ပါတယ်။ Main Video ရဲ့ အစ၊ အလယ်နဲ့ အဆုံးလိုနေရာမျိုးတွေမှာ ပြသပါတယ်။

Non-skippable Video Ads
ကျော်လို့မရသော ကြော်ငြာ

ဒီကြော်ငြာတွေကတော့ ကြော်ငြာကို အပြီးထိကြည့်ပြီးမှသာ ကိုယ်ကြည့်နေတဲ့ Video ကိုကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒီကြော်ငြာတွေက ၁၅ စက္ကန့်၊ ၂၀ စက္ကန့် ထိရှည်ပါတယ်။ ကြော်ငြာရဲ့ အရှည်အတိုကတော့ သတ်မှတ်ထားတဲ့ နိုင်ငံအလိုက် ရှိပါတယ်။

Bumper Ads
Bumper Ads

ဒီကြော်ငြာ အမျိုးအစားလဲ ကျော်လို့မရတဲ့ ကြော်ငြာနဲ့ ပုံစံတူပြီး သူရဲ့ ကြာချိန်က ၆ စက္ကန့် အထိရှိပါတယ်။

Our youtube works

Bang Ae Sil

Bang Ae Sil အမည်နဲ့ကိုရီးယားနိုင်ငံထုတ် ဆန်ပြုတ်ကမြန်မာနိုင်ငံ စျေးကွက်ကို ထိုးဖောက်ဖို့ ဖြစ်လာပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က Facebook ရဲ့ထိရောက်မှုကို အသုံးပြုပီး သူတို့ Brand ကို လူသိများအောင်၊ Page Like တွေများလာအောင်ကြော်ငြာဖို့ ဖြစ်ပါတယ်။ ဒါကြောင့် SEOMyanmar က Brand နဲ့ကိုက်ညီမှုရှိတဲ့ ဒီဇိုင်း နဲ့ Facebook Page တစ်ခုတည်ဆောက်ပေးခဲ့ပါတယ်။ သူတို့ရည်ရွယ်ချက်ကို အခြေခံပြီး စွဲဆောင်မှုရှိတဲ့ ကြော်ငြာအိုင်ဒီယာ၊ ဒီဇိုင်းတွေနဲ့ စျေးကွက်မြှင့်တင်မှုပေးတဲ့ Content တွေဖန်တီးပြီး ရလဒ်ကောင်းတွေထွက်ပေါ်လာအောင် ဝန်ဆောင်မှုပေးခဲ့ပါတယ်။

  • Youtube Video Ads
  • Facebook
  • Facebook

Now How

Now How အလှကုန်ပစ္စည်းက မြန်မာနိုင်ငံမှာ ထုတ်ကုန်အသစ်တွေကို လူသိပိုများလာအောင် YouTube နဲ့ GDN မီဒီယာတွေကနေကြေငြာဖို့ဖြစ်လာပါတယ်။ SEOMyanmar ကထုတ်ကုန်တစ်ခုချင်းစီရဲ့ အားသာချက်တွေကို သတ်မှတ်ထားတဲ့ လူတွေဆီရောက်အောင် အထိရောက်ဆုံးလုပ်ဆောင်ပေးခဲ့ပါတယ်။ ရလဒ် အနေနဲ့ ဗီဒီယိုကြည့်ရှုနှုန်းကလည်း ခန့်မှန်းထားတာထက်ပိုများခဲ့ပြီး ပထမလမှာတင် အောင်အောင်မြင်မြင်ဖြစ်ခဲ့ပါတယ်။ ဒီအောင်မြင်မှုက Now How IM brand အတွက် တဟုန်ထိုးလူသိများခဲ့ပြီး ရေရှည်အောင်မြင်မှုကိုရရှိခဲ့ပါတယ်။

  • Youtube Video Ads
  • Google Display Marketing
  • Google Display Marketing