2018 Apple Keynote Event မှာ ကြေညာခဲ့တဲ့ Apple Product တွေကတော့ iPhone အသစ်(၃) လုံးနဲ့ Apple Watch အသစ်(၁) လုံးကိုမိတ်ဆက်ပေးသွားပါတယ်။ ကဲဒီတော့ Apple ချစ်သူတွေအနေနဲ့ ဘယ်လို Product အသစ်တွေကို သိချင်နေမှာပါ။ သိပြီးသား မိတ်ဆွေတွေရှိသလို၊ မသိသေးတဲ့မိတ်ဆွေတွေအတွက် သိရှိနိုင်ဖို့အနည်းငယ်ဖော်ပြပေးချင်ပါတယ်… Apple Product အသစ်(၄) ခုကတော့ iPhone XR, iPhone XS, iPhone XS Max နဲ့ Apple Watch Series 4 တို့ပဲဖြစ်ပါတယ်…
iPhone XR
ဒီ iPhone XR လေးကတော့ တော်တော်လေးမိုက်ပြီး Colorful လဲအတော်ဖြစ်ပါတယ်။ ဒီ iPhone XR ရဲ့ Specification လေးတွေကိုပြောရမယ်ဆိုရင်…Screen Size က 6.1 inches ရှိပြီး Display ကတော့ 1792 x 828 Resolution LCD Display ကိုအသုံးပြုထားပါတယ်။ LCD Display ဖြစ်ပေမဲ့ Apple ကတော့ Liquid Retina ဆိုပြီးနာမည်ဆန်းလေးပေးထားပါတယ်။ Processor ကိုတော့ Apple A12 Bionic Chipset Hexa-Core ကိုအသုံးပြုထားပါတယ်။ Memory ကိုတော့ Internal Memory 64, 128, 512GB (၃) မျိုးရှိ ပြီး RAM ကတော့ 3GB ရှိပါတယ်။ GPU ကလည်း Apple GPU (4-core graphics) အသုံးပြုထားတော့ Game တွေဘာတွေဆော့မယ်ဆိုုရင်လည်း အရင်ကထက်ပိုမိုကောင်းမွန်လာပါတယ်။ Camera ကတော့ Front ကော Back ကော Single Camera အသုံး ပြုပေးထားပါတယ်။ Single Camera ဆိုပြီးအထင်မသေးစေ ချင်ပါဘူး ဘာကြောင့်လဲဆိုဒီ iPhone XR မှာ A12 Bionic Chipset ရဲ့ အကူအညီကြောင့် Portrait Mode ကို Front ကော Back မှာပါရိုက်နိုင်မှာဖြစ်တဲ့ အတွက်ကြောင့်ပါ။ Weight ကလည်း 194g ဆိုတော့ ကိုင်ရတာသိပ်သိပ်သည်းသည်းလေးနဲ့ ကျစ်ကျစ်လစ် လစ်လေးဖြစ်နေမှာပါ။ Color ကလဲအရောင် (၅) မျိုးနဲ့လာမှာဖြစ်တဲ့အတွက် အရောင်ဆန်းလေးတွေကို ကိုင်ရတာ နှစ်သက်တဲ့ မိတ်ဆွေတွေအတွက်ကတော့ ကွက်တိပါပဲ။ နောက်ပြီး Apple Product Red နဲ့ ဆိုရင်တော့ စုစုပေါင်း (၆) ရောင်ဖြစ်သွားမှာပါ။ Price အနေနဲ့ကတော့ $749 နဲ့စမှာဖြစ်ပါတယ်။
iPhone XS & iPhone XS Max
iPhone XS အနေနဲ့ကတော့ Screen Size 5.8 inches ရှိပြီး Display ကတော့ 2436 x 1125 Pixel Resolution နဲ့ Super AMOLED Capacitive Touchscreen ကိုအသုံးပြုထားပါတယ်။ iPhone XS MAX ကိုတော့ Screen Size 6.5 inches ရှိပြီး Display ကတော့ 2688 x 1242 Pixel Resolution နဲ့ Super AMOLED Capacitive Touchscreen ကိုသုံးထားတာဖြစ်တဲ့ အတွက် Screen Size ကျယ်ကျယ် သုံးရတာနှစ်သက်တဲ့ မိတ်ဆွေတွေအတွက်သင့်တော့်ပါတယ်။ ဖုန်း (၂) လုံးစလုံးမှာ Processor ကို Apple A12 Bionic Chipset Hexa-Core ကိုအသုံးပြုထားပါတယ်။ Memory ကိုတော့ Internal Memory 64, 128, 512GB (၃) မျိုးရှိ ပြီး RAM ကတော့ 4GB ရှိပါတယ်။ GPU ကလည်း Apple GPU (4-core graphics) အသုံးပြုထားတော့ Game တွေဘာတွေဆော့မယ်ဆိုုရင်လည်း အရင်ကထက်ပိုမိုကောင်း မွန်လာပါတယ်။ ဖုန်း (၂) လုံးစလုံးရဲ့ Camera ပိုင်းမှာဆိုရင်တော့ Back Dual Camera 12 MP, f/1.8, 28mm, 1.4µm, OIS, PDAF 12 MP, f/2.4, 52mm, 1.0µm, OIS, PDAF, 2x optical zoom ကိုသုံးထားပြီး Feature တွေအနေနဲ့ Quad-LED dual-tone flash, HDR (photo/panorama) တွေပါဝင်ပါတယ်။ Video ပိုင်းမှာ လည်း 2160p@24/30/60fps, 1080p@30/60/120/240fps, HDR, stereo sound rec. ကို အသုံးပြုထားပါတယ်။ Front Camera မှာလည်း 7 MP, f/2.2, 32mm နဲ့ Feature မှာ HDR အသုံးပြုထား ပြီး Video ပိုင်းမှာ 1080p@60fps နဲ့ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Weight ပိုင်းမှာဆိုရင်တော့ iPhone XS မှာ 177g ရှိပြီး iPhone XS Max မှာ 208g ရှိပါတယ်။ ဖုန်း (၂) လုံးရဲ့ Color တွေကတော့ Space Gray, Silver နဲ့ Gold ဆိုပြီး (၃) ရောင်ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Price အနေနဲ့ကတော့ iPhone XS က $999 နဲ့စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး iPhone XS Max ကတော့ $1099 နဲ့စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Apple Watch Series 4
ဒီ Apple Watch Series 4 ကတော့ ထွက်ခဲ့သမျှ Apple Watch တွေထဲမှာတော့ အကောင်းဆုံးပါပဲ။ အသစ်ထွက်တဲ့ ဟာပဲကောင်းမှာပေါ့ဆိုပြီးပြောကျပါလိမ့်။ ဆိုလိုချင်တဲ့အဓိပ္ပါယ်ကတော့ အခုထွက်ရှိထားတဲ့ Apple Watch Series 4 ဟာအရင်ကထွက်ရှိထားတဲ့ Apple Watch Series 3 ထက်ပိုကောင်း တယ်ဆိုတာ က Apple Watch Series 3 မှာက SIM Card တွေထည့်လို့ရတာလောက်အထိပဲ ဆိုတော့ ဝယ်ဖို့စဉ်းစားနေရပါသေးတယ်၊ ဒါပေမဲ့ ဒီ Apple Watch Series 4 မှာကတော့ လက်မှာပတ်ထား လိုက်မယ်ဆိုရင်တော့ဝတ်ထားတဲ့လူရဲ့ နှလုံးခုန်နှုန်းကိုတောင် ECG ဆွဲလို့ရနေပါပြီ။ ဒီတစ်ချက်နဲ့တင် ကျန်းမာရေး အတွက် တော်တော်လေးကို အထောက်အကူပြုနေပါပြီ။ နောက်တစ်ချက် အဲ့ဒီဝတ်ထားတဲ့ သူဟာ Accident တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် Apple Watch Series 4 ထဲမှာပါတဲ့ Sensor တွေက သက်ဆိုင်ရာအရေးပေါ်ဌာနတစ်ခုဆက်သွယ်ပေးနိုင်တယ်လို့လဲ ကြေညာခဲ့ပါတယ်။ Apple Watch Series 4 ကဒီအချက်တွေနဲ့တင်တော်တော်မိုက်နေပါပြီ။
ဒီတော့ Pre-Order မှာယူနိုင်မဲ့ရက်တွေကတော့ Apple Watch Series 4 ကို 14th September 2018 မှာ Pre-Order မှာယူနိုင်မှာပါတယ်။ iPhone XR ကိုတော့ 19th October 2018 မှာ Pre-Order မှာယူနိုင်မှာဖြစ်ပါတယ်။ iPhone XS နဲ့ iPhone XS Max ကိုတော့ 14th September 2018 မှာ Pre-Order မှာယူနိုင်မှာဖြစ်ပါတယ်။ ကဲဒီတော့ နောက်ဆုံးပေါ်အကောင်းဆုံးတွေကို ကိုင်ချင်တယ်ဆိုတဲ့ Apple ချစ် သူတွေ အတွက်ဆိုရင်တော့ ဒီ Apple Product အသစ်က အသင့်တော်ဆုံးဖြစ်နိုင်ပါတယ်။
Ref – apple.com, gsmarena