logo
myanmar
2018 မှာခေတ်စားလာတဲ့ Graphic Design များ

2018 မှာခေတ်စားလာတဲ့ Graphic Design များ

03 Aug 2018

နည်းပညာဖွံ့ဖြိုး တိုးတက်လာခြင်း ဟာ Graphic Design တွေနဲ့ အနည်းနဲ့အများ ပတ်သတ်မှုရှိခဲ့ပါတယ်။ဘယ်လိုဆက်မှုရှိလဲ ဆိုရင် Website တွေ App တွေမြန်ဆန်စွာတိုးတက်လာခဲ့ရတာဟာ Graphic Designer တွေရဲ့ ဆန်းသစ်တဲ့ Design တွေနဲ့ကြောင့် Audience ကိုဖမ်းစားနိုင်ခဲ့တာပါဝင်ပါတယ်။ Website ထဲမှာပါဝင်တဲ့ အကြောင်းအရာတွေဘယ်လောက်ကောင်းကောင်း Graphic Design တွေကထင်သလောက် စိတ်ဝင်စားစရာမကောင်းဘူးဆိုရင်တော့ Audience ဟာသင့်ရဲ့ Website ကိုကျော်သွားနိုင်ပါတယ်။ ဒီတော့သင့်ရဲ့ Website (သို့) App ဟာ ခေတ်ရေစီးကြောင်းကိုလိုက်ပြီး အောင်မြင်ချင်တယ်ဆိုရင်
Graphic Design ကိုလည်းခေတ်နဲ့ အညီ ဂရုစိုက်ဖို့လိုအပ်တယ်နော်။ ကဲဒီတော့ 2018 မှာ ခေတ်စားနေတဲ့
Graphic Design လေးတွေကို ဖော်ပြပေးလိုက်ပါတယ်…


Gradients

ဒီ Gradients Design ဟာ ဟောင်းနေတဲ့ Design တစ်ခု ဆိုပေမဲ့
Instagram Rebranding ပြုလုပ်ခဲ့တဲ့နေရာမှာ Gradients Design ကိုအသုံးပြုပြီး Audience ရဲ့ အာရုံကို ပြန်လည်ဖမ်းစားနိုင်ခဲ့ပါတယ်။

Semi - flat - design

ဒီ Design ဟာဆိုရင်
လွန်ခဲ့တဲ့နှစ်တွေမှာ Designer တွေဟာ Flat 2D Design ကို
White Space, Bold Color နဲ့ အသုံးပြုခဲ့ပါတယ်။ ယခုခေတ်မှာ တော့ Designer တွေဟာ 3D Visual Elements ကို Shadow
နဲ့ Semi - flat - design ကိုသုံးပြီး ဆန်းသစ်တဲ့ Graphic Design တွေဖန်တီးလာကြပါတယ်။


Bold Serifs

ဒီ Design လေးက အရင်ခေတ်သတင်းစာတွေ၊ ဆောင်းပါးတွေမှာ စာရေးတဲ့ ပုံစံကို ဆန်းသစ်တဲ့ ပုံစံနဲ့ ပြန်လည်အသုံးပြုထားတဲ့ Design တစ်မျိုးဖြစ်ပါတယ်။


Responsive Logo

ဒီ Design ဟာဆိုရင်လည်း Responsive ဖြစ်အောင် Logo လေးတွေကို Bootstrap, Foundation အစရှိတဲ့ Framework တွေနဲ့ ဆန်းသစ်တဲ့ Design လေးတွေကို ဖန်တီးတာဖြစ်ပါတယ်။ ဒီ Design လေးဟာလည်း ယခုခေတ်မှာ ခေတ်စားလာတဲ့ Graphic Design လေးဖြစ်ပါတယ်။ ဒီ Design လေးကိုတော့ Website တိုင်းနီးပါးမှာ အသုံးပြုနေကြပါပြီ။


Ref - blog.usejournal

Recent posts