logo
myanmar
2019 ရဲ့ Content Marketing State များ

2019 ရဲ့ Content Marketing State များ

27 May 2019

Content Marketing ဟာလက်ရှိ Digital Marketing နယ်ပယ်မှာ အရေးပါတဲ့ ကဏ္ဍတစ်ခု အဖြစ်ရပ်တည်ခဲ့ပြီး ပိုပြီးတောင် Content Marketing ကို အသုံးပြုလာကြတာကို အောက်ပါ အချက်တွေမှာ ကြည့်ရှုနိုင်ပါတယ်...

- Content Marketing တွေအပေါ်မှာ ရင်းနှီးမြှုပ်နှံတဲ့ Budget ဟာဆိုရင်လည်း ၂၀၁၈ ခုနှစ်မှာ ၂၃% သာရင်းနှီးခဲ့ပေမယ့် လက်ရှိ ၂၀၁၉ မှာဆိုရင် ၄၁% အထိ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာပါပြီ

- Business Goal လည်းပိုမို ကျယ်ပြန့်လာတာကို တွေ့ရပါတယ်။ ၂၀၁၈ မှာ စီးပွားရေးလုပ်ငန်းတွေကို Content Marketing Strategy နဲ့ ချိတ်ဆက်လုပ်ကိုင်ဖို့ စုံစမ်းမေးမြန်းကျသူတွေက ၄၅% အထိကသာရှိပြီး ၂၀၁၉ မှာဆိုရင် ၈၉% အထိ အံ့သြလောက်အောင် များပြားလာတာကို တွေ့ရပါတယ်။

- Content Marketing Strategy နဲ့ပတ်သတ်တဲ့ Social Media တွေမှာဆိုရင်ရင်လည်း Instagram ဟာ YouTube ကိုကျော်ပြီး အဆင့် ၄ နေရာကို ရောက်ရှိခဲ့ပါတယ်။ လက်ရှိ အဆင့်သက်မှတ်ချက်အရဆိုရင်...
1.Twitter
2. Facebook
3. LinkedIn
4. Instagram
5.YouTube ဖြစ်ပါတယ်။

- ၂၀၁၉ မှာ စီးပွားရေးလုပ်ငန်းတွေ ဦးတည်လာတဲ့ Channel တွေကဘာတွေ ဖြစ်လာပြီလဲ?
1. Written Content - 77%
2. SEO - 45%
3. Email Marketing - 42%
4. Video - 40%
5. Organic Social - 23%
တို့ပဲဖြစ်ပါတယ်။ "Content is king" ဆိုတဲ့ ဆောင်ပုဒ် အတိုင်း အဆင့် ၁ နေရာကို ရယူထားပါတယ်။

- Content Marketing ကြောင့် ရရှိခဲ့တဲ့ အောင်မြင်လာတဲ့ Result အရေအတွက်တွေကတော့...
1. Website Traffic - 89%
2. SEO Ranking - 65%
3. Subscriber Growth - 62%
4. Increased Sales - 51%
5. Conversation Rate - 50%
6. Sale Lead Quality - 46%
7. Brand Lift - 34%

စတဲ့ အောင်မြင်မှု ရလဒ်တွေကို တွေ့မြင်ရပါတယ်။ ဖော်ပြခဲ့တဲ့ State တွေကတော့ ၂၀၁၉ ရဲ့ Content Marketing State တွေပဲ ဖြစ်ပါတယ်။

Recent posts