
Facebook Campaign တွေနဲ့ Business Run နေတယ်ဆိုရင် Facebook Campaign မှာအရေးပါတဲ့ ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်မယ့် Chatbot တွေကိုလည်း သိထားသင့်ပါတယ်။ Messenger Chatbot တွေဟာဆိုရင် Facebook Posts နဲ့ Email Marketing နည်းလမ်းတွေထက် 80% ပိုမိုသာလွန်တဲ့ Engagement ကိုရရှိစေပါတယ်။ ဒါတင်လားဆိုရင်တော့မဟုတ်ပါဘူး Messenger Chatbots တွေမှတစ်ဆင့် Customer နဲ့ပက်သက်တဲ့ Contact Information တွေကိုရရှိစေပါတယ်။ ဒါကြောင့် သင့်အတွက် 2019 မှာ အကောင်းဆုံး Update ဖြစ်နေတဲ့ Facebook Messenger Chatbot တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်…
-MobileMonkey
ဒီ MobileMonkey ဆိုတဲ့ Chatbot ဟာဆိုရင် 2017 ထဲကရှိနေခဲ့တဲ့ Facebook Messenger အတွက်အသုံးပြုနိုင်တဲ့ AI Chatbot Tool တစ်ခုဖြစ်ပါတယ်။ ဒီ MobileMonkey က Facebook Conversation တွေအတွက် လိုအပ်ချက်တွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်တဲ့ Chatbot ဖြစ်နေတဲ့ အတွက် ယခုအချိန်ထိ တည်ရှိနေတာ ဖြစ်ပါတယ်။ ဘယ်လို Feature တွေပါဝင်လို့လဲ ဆိုရင် Chat Blasting, Comment Guard, Click-to-ads တွေဖန်တီးနိုင်တဲ့ Wizard အစရှိတဲ့ Feature တွေပါဝင်တဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ်။
-BotKit
BotKit ဆိုတဲ့ Chatbot tool ကတော့ Programmer တွေအတွက် Node.js ကိုအသုံးပြုပြီး App များတည်ဆောက်ရန် အဆင်ပြေစေတဲ့ Tool တစ်ခုဖြစ်ပါတယ်။ ဒီ BotKit chat bot ဟာဆိုရင်Facebook API အပါအဝင် အခြားသော App များစွာနှင့်တွဲဖက်အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ BotKit ဟာ Developer တွေနဲ့ပိုမိုသင့်လျော်ပြီး Coding ရေးရတာဟာ သင့်အတွက်အဆင်ပြေတဲ့အရာမဟုတ်လျင်တော့ အခြားသော Facebook Messenger Chatbot Tool တွေကိုရွေးချယ်သင့်ပါတယ်။
-BotMock
BotMock ဆိုတဲ့အတိုင်း ခေတ်ရှေ့ပြေးပြီး Mockup ဖြစ်တဲ့ Chatbot Design ဖန်တီးနိုင်မဲ့ Tool ပဲဖြစ်ပါတယ်။ BotMock ရဲ့ Conversation တည်ဆောက်ပုံဟာဆိုရင် သင့်ရဲ့ Team ကို Customer တွေနဲ့ ကောင်းမွန်တဲ့ Relationship ကိုတည်ဆောက်ဖို့အတွက် အထောက်အကူပေးပါလိမ့်မယ်။
-Pandorabots
ဒီ Pandorabots ဆိုတဲ့ Chatbot ကတော့ “intelligent conversational agents” ပါဝင်တဲ့ Chatbot တစ်ခု ဖြစ်ပါတယ်။ ဒီ Chatbot ကို ဖန်တီးရမှာ AIML(Artificial Intelligent Mark-up Language) Programming ကိုထည့်သွင်းဖန်တီးခဲ့ပါတယ်။ ဒီအချက်တွေကြောင့် Pandorabots ဟာ 2019 ရဲ့ အ
ကောင်းဆုံး Facebook Messenger Chatbot List ထဲမှာ ပါဝင်နေခြင်း ဖြစ်ပါတယ်။
ယခုဖော်ပြပေးခဲ့တဲ့ Facebook Messenger Chatbot တွေက 2019 အတွက် အကောင်းဆုံး Facebook Messenger Chatbot တွေဖြစ်တဲ့ မိမိနဲ့ အဆင်ပြေတဲ့ Chatbot ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။
Ref – socialmediatoday