
စာအုပ်စာပေလူ့မိတ်ဆွေဆိုတဲ့အတိုင်း လူတွေရဲ့ စိတ်ဓာတ်တွေ၊ စဥ်းစားတွေးခေါ်နိုင်စွမ်းတွေ မြင့်မားလာစေရန် တစ်ဖက်တလမ်းက အထောက်အကူပြုပေးကြတာက စာဖတ်ခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဆိုရင်စာအုပ်ဖတ်ချင်ရင် စာအုပ်အငှားဆိုင်တွေ၊ အရောင်းဆိုင်တွေနဲ့ စာကြည့်တိုက်တွေမှာ သွားပြီး ဖတ်ရပါတယ်။ ယခုခေတ်မှီလာတဲ့နောက်ပိုင်းအချိန်တွေမှာတော့ အင်တာနက်ပေါ်ကနေ စာအုပ်တွေကို Download ပြုလုပ်ပြီး ဖတ်နိုင်လာပါတယ်။ ဒီလိုသွားပြီး Download လုပ်တဲ့အချိန်မှာ Ads တွေဝင်လာတတ်တာတို့၊ အခြား Link တွေကိုရောက်သွားတာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ အတွက်အကောင်းဆုံးနဲ့ အဆင်ပြေပြေ စာအုပ်တွေကို Download လုပ်သွားနိုင်မယ့် 2020 အကောင်းဆုံး Site တွေကို ဖော်ပြပေးသွားပါမယ်…
အကယ်၍သင်ဟာ ကွန်ပျူတာနည်းပညာနဲ့ ပတ်သတ်တဲ့ စာအုပ်တွေကို အင်တာနက်ပေါ်မှာ ရှာဖွေနေတဲ့သူ တစ်ယောက်ဆိုရင် ဒီ Site ကသင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဒီ Site ထဲမှာ ကွန်ပျူတာနည်းပညာတွေနဲ့ ပတ်သတ်စာအုပ်တွေကို တစ်စုတစ်စည်းထဲ ရရှိနိုင်လို့ပဲ ဖြစ်ပါတယ်။ Programming Lauguages, Computer Sceince, Java, Networking, အစရှိတဲ့ စာအုပ်တွေလည်း ဒီ Site ထဲမှာ အခမဲ့ Download ပြုလုပ်နိုင်ပါသေးတယ်။
ဒီ Site ဟာဆိုရင်လည်း Quality ကောင်းတဲ့ စာအုပ်တွေကို တစ်စုတစ်စည်းတည်း ရနိုင်တဲ့ Site တစ်ခု ဖြစ်ပါတယ်။ ဒီ Site ထဲမှာတော့ စာအုပ်တွေကို Download ပြုလုပ်နိုင်သလို၊ Browser ထဲမှာပဲ တစ်ခါတည်း ဖတ်ရှုနိုင်တဲ့ Site တစ်ခု ဖြစ်ပါတယ်။
နောက်ထပ် စာအုပ်ကောင်းတွေကို တစ်စုတစ်စည်းထဲ ရှာဖွေနိုင်တဲ့ Site ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Site ထဲမှာတော့ စာအုပ်တွေက အခြား Site တွေပိုပြီး များများစားစား ရှိပါတယ်။ နောက်ထပ်ပိုတဲ့ အချက်တွေကတော့ Download ဆွဲတဲ့အခါမှာ PDF, MOBI, EPUB အစရှိတဲ့ Format များစွာနဲ့ပါ ထပ်ပြီး Download ပြုလုပ်နိုင်ပါသေးတယ်။
အခုခေတ်စာအုပ်တွေကော အရင်ခေတ်ကစာအုပ်တွေကိုပါ တစ်စုတစ်စည်းထဲ ရှာဖွေနိုင်မယ့် တစ်ခုတည်းသော Site ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၇၀၀၀ ကျော်နဲ့ Subject စုံစုံလင်လင်ကိုပါ ရှာဖွေနိုင်ပါသေးတယ်။ EPUB, MOBI Kindle, HTML အစရှိတဲ့ Format တွေနဲ့ Download ပြုလုပ်နိုင်မှာ ဖြစ်တဲ့ အတွက်ပိုပြီး စာဖတ်သူတွေအတွက် ပိုပြီးအဆင်ပြေပါတယ်။
ဒီဖော်ပြပေးထားတဲ့ Site တွေကတော့ 2020 မှာ စာအုပ်တွေကို Free Download လုပ်နိုင်တဲ့ Site တွေပဲ ဖြစ်ပါတယ်။ စာအုပ်ဖတ်ရတာဝါသနာပါတဲ့ ကိုယ့်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ဝေမျှနိုင်ပါတယ်။