21 Jan 2020
သင့်ရဲ့ Internet Browser အသုံးပြုမှုတွေကို Private ဆန်ဆန်အသုံးပြုချင်တယ်၊ Web Tracker တွေကို လျစ်လျူရှုချင်တယ်ဆိုရင် အခုဖော်ပြမယ့် အကြောင်းအရာကို ဖတ်ကြည့်သင့်ပါတယ်။ အခုဖော်ပြနေတဲ့ အကြောင်းအရာက ကိုယ်ပိုင် Device တွေနဲ့ အသုံးပြုနေတဲ့သူတွေအတွက် သိပ်မလိုအပ်လောက်ပေမယ့် အကြောင်းပြချက်တစ်ခုခုကြောင့် အခြား Device တွေမှာ Internet Browsing လုပ်မိတဲ့အခါမှာ တခါတရံ ကိုယ်ရဲ့အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ကျန်ခဲ့တတ်တဲ့ ပြဿနာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအခြေအနေမျိုး ကြုံတွေ့ခဲ့မယ်ဆိုရင် Private Browser တွေကို အသုံးပြုပြီး Internet Browing လုပ်နိုင်ပါတယ်။ Mobile Device တွေမှာအသုံးပြုမယ်ဆိုရင်လည်း အထက်ပါကိစ္စတွေလိုပဲ Private Browser တွေအသုံးပြုသင့်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အတွက် အသုံးဝင်မယ့် ၂၀၂၀ အကောင်းဆုံး iPhone Private Browser တွေကို ဖော်ပြပေးသွားပါမယ်…
iPhone တွေအတွက် အကောင်းဆုံး Private Browser တစ်ခုထဲမှာ ပါဝင်ပါတယ်။ ဒီ Red Onion ဆိုတဲ့ Private Browser ရဲ့ Secure ဖြစ်တဲ့အချက်တစ်ချက်ကို ပြောရမယ်ဆိုရင် Ads တွေ Web Tracker တွေကို Automatic Detection နဲ့ Blocking တွေလုပ်ဆောင်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ iPhone အသုံးပြုပြီး Private ဆန်ဆန် Internet Browsing လုပ်ချင်တဲ့မိတ်ဆွေတွေ အနေနဲ့ ဒီ Private Browser ကရွေးချယ်သင့်တဲ့ထဲမှာ ပါဝင်ပါတယ်။
နောက်ထပ် Secure ဖြစ်ဖြစ် Internet Browsing လုပ်နိုင်မယ့် Browser ကတော့ iCab Mobile ပဲဖြစ်ပါတယ်။ ဒီကောင်က Popular အရမ်းဖြစ်တဲ့ Private Browser တော့မဟုတ်ပေမယ့် သင့်ရဲ့ Internet Browsing လုပ်ဆောင်မှုကို စိတ်တိုင်းကျစေမှာပါ။ User တွေရဲ့ Data တွေကို Safe ဖြစ်စေမယ့် Built-in Filters တော်တော်များများ ပါဝင်ပြီး Ads, Banner, Web Tracker, Cookies အစရှိတဲ့ Tracking တွေကို Block လုပ်ပေးနိုင်ပါတယ်။
ပေးထားတဲ့ နာမည်အတိုင်းပဲ iPhone တွေသုံးရတာ အဆင်ပြေတဲ့ နောက် Private Browser တစ်ခုလို့လည်း ပြောလို့ရပါတယ်။ Ads, Cookies, Web Tracker တွေကို အကောင်းဆုံး Block ပေးပြီး Internet Browsing နဲ့ Downloading Speed ကိုလည်း အကောင်းဆုံး Optimize လုပ်ပေးထားတဲ့ Private Browser တစ်ခုလည်း ဖြစ်ပါတယ်။
ဒီ Ghostery Private Browser က Mobile Device တွေအတွက် Popular ဖြစ်တဲ့ Private Browser တစ်ခုထဲမှာ ပါဝင်ပါတယ်။ Android, iOS နှစ်မျိုးလုံးအတွက် ထွက်ရှိထားပြီး ဒီ Browser ရဲ့ အားသာချက်ကတော့ သင့်ရဲ့ Data တွေကို ဘယ်က Track လုပ်နေတာကိုပါ သိရှိနိုင်ပြီး အဲ့ဒီ Track လုပ်နေတာကို Block လုပ်တဲ့အခါမှာ သင့်ကိုအသိပေးတဲ့ Feature ပါဝင်တာပဲ ဖြစ်ပါတယ်။
ကဲဖော်ပြခဲ့တဲ့ Private Browser တွေက iPhone အတွက် ၂၀၂၀ အကောင်းဆုံး Private Browser တွေဖြစ်ပါတယ်။ မိတ်ဆွေတို့ အတွက် အသုံးပြုရတာကောင်းတဲ့ Private Browser တွေရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါအုံး။