ဒီတစ်ခေါက်မှာတော့ မိတ်ဆွေတို့ကို 2021 အတွက်သိထားသင့်တဲ့ Social Media Trends တွေကို ဖော်ပြပေးသွားပါမယ်…

 

– Gaming, YouTube Video တွေနဲ့ Video Content တွေဟာ လက်ရှိကာလမှာ ကြီးထွားမှုနှုန်း အတော်များလာတာကို တွေ့ရပါတယ်။

 

– TikTok ကိုအသုံးပြုလာနှုန်းထားကလည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၃၀ ရာခိုင်နှုန်း အထိ တိုးများလာပါတယ်။ 

 

– Facebook, Instagram နဲ့ WhatsApp တို့ရဲ့ Stories တွေကို နေ့စဥ်အသုံးပြုတဲ့ User အရေအတွက်ဟာ ဆိုရင်လည်း 500 Million အထိရှိလာခဲ့ပါပြီ။ 

 

– သုံးစွဲသူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းက Online ကနေ Product တွေရှာဖွေဖို့အတွက် Social Media Platform တွေကနေတဆင့် ရှာဖွေလာကြပါတယ်။

 

– Messaging App အသုံးပြုမှုတွေဟာလည်း တော်တော်မြန်မြန်ကို မြင့်တက်လာပါတယ်။ 2023 မှာတော့ Messaging App အသုံးပြုမှုဟာ 3.12 Billion အထိရှိလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ 

 

– Mobile Food Delivery Marketplace တွေကို အသုံးပြုလာတဲ့ နှုန်းထားဟာဆိုရင်လည်း အဆမတန်ကို များပြားလာတာကို တွေ့ရပါတယ်။ 

 

ဒီအချက်တွေကတော့ 2021 မှာ သိသိသာသာ အသုံးဝင်လာမယ့် သိထားသင့်တဲ့ Social Media Trends တွေပဲ ဖြစ်ပါတယ်။ 

 

Leave a Reply

social sharing buttons