14 May 2024
လူကြီးမင်း Business ရဲ့
Product/Service တွေကို ပိုပြီးရောင်းချချင်တယ်၊ ပြီးပြီးအသုံးပြုစေချင်တယ် ဆိုရင်တော့ E-Commerce Platform တွေကိုလှစ်လျူရှုလို့ မရပါဘူး။ E-Commerce Platform တွေက များပြားသော Offer တွေ၊ Business Reach ပိုမိုများပြားလာစေမှုနဲ့ ကိုယ်ရဲ့ Product/Service တွေကို 24/7 မြင်တွေ့နိုင်စေခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့် ဒီဘက်ခေတ်မှာ Business လုပ်ကိုင်ရင်တော့ E-Commerce ကလဲ ထည့်သွင်းစားရမဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါပြီ။
ဒါကြောင့် လက်ရှိအချိန် E-Commerce နဲ့ပတ်သတ်ပြီး ဖြစ်ပေါ်လာတဲ့ Statistic တွေကို Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်…
2024 ခုနှစ်မှာတော့ 20.1% သော Retail Purchase တွေက Online Place တွေပေါ်မှာ နေရာယူလာကြပါပြီ
2027 မှာတော့ အထက်ပါအကြောင်းအရာရဲ့ 23% အထိနေရာယူလာနိုင်ကြောင်း ခန့်မှန်းရရှိပါတယ်
E-Commerce Sale တွေဟာဆိုရင်လဲ 2024 အကုန်မှာ 8.8% လောက်အထိ ကြီးမားကျယ်ပြန့်လာနိုင်တယ်လို့ ခန့်မှန်းရရှိပါတယ်
Amazon ဟာဆိုရင်လဲ 37.6% သော E-Commerce Sale တွေကို Amazon Account တွေကနေ ရရှိပြီး Market Share အများဆုံး E-Commerce Company တစ်ခုအဖြစ် ရပ်တည်နေပါတယ်
Amazon, eBay နဲ့ AliExpress တို့ကတော့ Visitor အများဆုံးသော E-Commerce Website တွေပဲ ဖြစ်ပါတယ်
34% သော Shopper တွေက Online ကနေဈေးဝယ်ခြင်းကို အနည်းဆုံး တစ်ပတ်ကို ၁ ကြိမ် ပြုလုပ်လေ့ ရှိပါတယ်
အထက်ပါ ဖော်ပြပေးခဲ့တဲ့ အချက်တွေကတော့ 2024 E-Commerce Site Statistic တွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လဲ E-Commerce
Site တွေရှိနေပြီဖြစ်တဲ့အတွက် လူကြီးမင်းတို့ Business ရဲ့ Product/Service တွေကို E-Commerce Platform တွေနဲ့ တွဲဖက်အသုံးပြုကြည့်ဖို့ အကြံပြုပါလိုက်ပါတယ်။