
လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ Short Video App တစ်ခုဖြစ်တဲ့ TikTok ဟာဆိုရင် လက်ရှိအချိန်မှာ Download ပြုလုပ်မှု 2 Billion ကျော် အထိရှိခဲ့ပါပြီ။ Worldwide မှာဆိုရင်လည်း Non-gaming App Of the Year ဆုကို Messenger နဲ့ WhatsApp ပြီးရင် တတိယနေရာကို TikTok ကရရှိခဲ့ပါသေးတယ်။
India ကတော့ TikTok ကို Download ပြုလုပ်မှုအများဆုံး နိုင်ငံတစ်နိုင်ငံလို့တောင် ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ TikTok ကို App Store နဲ့ Google Play Store တို့က Download လုပ်တဲ့ အရေအတွက်ဟာ 466.8% Million အထိတောင်ရှိခဲ့ပါတယ်။ ဒုတိယနိုင်ငံကတော့ China ပဲဖြစ်ပါတယ်။
TikTok App ကို 173.2% Million Download ပြုလုပ်ထားပါတယ်။ United State ကတော့ 123.8% Download နဲ့ TikTop App ကို တတိယ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဒါက အသေးစိတ်ကောက်ထားတဲ့ Data နဲ့ Country ပဲရှိသေးတာပါ။ ကျနော်တို့ နိုင်ငံမှာတင် ဒီ TikTok App နဲ့ Funny Video တွေ၊ Commercial Video တွေ စတဲ့ Video Category ပုံစံမျိုးစုံနဲ့ ရိုက်တင်နေကျတာလည်း တော်တော်များတာကို တွေ့မြင်ကြမှာပါ။
ဒီလို Download ပြုလုပ်မှုများပြားလာတဲ့ TikTok ဟာဆိုရင် Entertainment တစ်ခုအနေနဲ့ အောင်မြင်လာရုံသာမက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း Online ကနေကိုယ့်ရဲ့ လုပ်ငန်းကို ကြော်ငြာချင်တာတွေ၊ Promotion လုပ်ချင်တာတွေ ရှိလာခဲ့ရင်လည်း TikTok မှာကြော်ငြာထည့်ခြင်းတွေ ကိုယ့်လုပ်ငန်းအတွက် သက်ဆိုင်တဲ့ Content တွေကို TikTok အသုံးပြုပြီး ဖန်တီးနိုင်လာပါတယ်။ ဒီလို Download အရည်အတွက် များပြားလာခြင်းက TikTok မှာ Video တွေရိုက်ပြီးတင်ချင်တဲ့သူရှိသလို TikTok က Video တွေကို ကြည့်ရှုချင်တဲ့အတွက် Download လုပ်ထားတဲ့သူတွေလည်း ရှိပါတယ်။ နောက်တစ်ချက်က TikTok က Video တွေကို အခြား Social Media Platform တွေကိုလည်း ပြန်ပြီး Sharing လုပ်နိုင်ပါသေးတယ်။ လူငယ်ကြိုက် Brand တွေဆိုရင် TikTok ကရွေးချယ်ပြီး ကြော်ငြာနိုင်တဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။
ယခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာကတော့ လက်ရှိအချိန်မှာ TikTop ရဲ့ 2 Billion ကျော် Download ရှိခဲ့တဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ နောက်ထပ် ဘယ်လောက်ထိ Download အရေအတွက် ပိုများလာနိုင်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရအုံးမှာပဲ ဖြစ်ပါတယ်။