24 Sept 2019
လူငယ် Audience များစွာနဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ Social Media Platform တစ်ခုဖြစ်တဲ့ Snapchat ဟာ Update အသစ်အဆန်းတွေကို အမြဲမပျက် ပေးလေ့ရှိတာကို Snapchat User တိုင်း သတိထားမိမယ်လို့ မျှော်လင့်ပါတယ်။ သူ့ Platform ထဲမှာတင် Post တွေတင်ပြီး Follower ကိုယ်စီနဲ့ Communicate လုပ်နိုင်တဲ့ Platform တစ်ခုဖြစ်ပြီး Cross-Platform Sharing ပါလုပ်နိုင်ပါတယ်။ ယောက်ျားလေး Audience ထက် မိန်းကလေး Audience ကပိုများတဲ့ အချက်တစ်ချက်ကလဲ Snapchat မှာပါတဲ့ Camera Effect, Filter တွေက မိန်းကလေးတွေအတွက် ပိုပြီး စိတ်ဝင်စားဖို့ စေတာကိုလည်း တွေ့ရပါတယ်။
ဒီလိုတွေ Camera Effect, Filter များစွာကို Update ပေးနေတဲ့ကြားကနေ ယခုအချိန်မှာလည်း Audience ကိုပိုမိုစွဲဆောင်အုံးမယ် 3D Snaps ဆိုတာကို Update ထပ်ပေးလိုက်ပါတယ်။ ဒီ 3D Snaps ကိုတော့ နောက်ပိုင်းမှာ Duo-Camera တွေပါတဲ့ Modern Smartphone တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ iPhone မှာဆိုရင်တော့ iPhone X နဲ့ အထက် Model တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Snapchat App ထဲကိုဝင်လိုက်ရင် 3D Image လုပ်နိုင်မယ့် Function တစ်ခုပါလာပြီး 3D Snaps ကိုမှ Filter တွေနဲ့ ပေါင်းစပ်ပြီး 3D Snaps တွေကို ကိုယ့်ရဲ့ Profile မှာတင်နိုင်ပါတယ်။ ဒီ 3D Snaps ကိုပြုလုပ်နိုင်ဖို့ ဆိုရင် ဘာတွေလိုအပ်လဲ ဆိုရင်တော့…
-Snapchat App ကိုနောက်ဆုံး Version Upgrade လုပ်ထားပေးပါ
-Snapchat Camera ကိုဖွင့်လိုက်ပါ
-ညာဘက်မှာ ရှိတဲ့ Dropdown Menu ကိုရွေးပါ
-”3D” ဆိုတာကိုရွေးပြီး Selfie ရိုက်နိုင်ပါတယ်
-Swipe လုပ်ပြီး Filter တွေရွေးချယ်ပြီး သင့်စိတ်ကြိုက် 3D Snaps ဖန်တီးပါ
- နောက်ဆုံးအဆင့်မှာတော့ Chat, Stories တွင် Share ရုံသာမက Camera Roll ထဲမှာပါ Save လုပ်ထားနိုင်ပါတယ်
ဒီ Update ကိုကြည့်ရှုခြင်းအားဖြင့် Snapchat က လူငယ် Audience ကိုပိုပြီး Target ထားလာတာကို သုံးသပ်နိုင်ပါသေးတယ်။ ကိုယ့်ရဲ့ Snapchat Profile မှာ 3D Snaps တွေဖန်တီးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။