fbpx

ယနေ့ခေတ်မှာ Content Marketing ကိုတွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါပြီ။ Content Marketing ဆိုတာကတော့ Content တွေဖြစ်တဲ့ စာသား၊ ရုပ်ပုံ၊ Video စတာတွေကို အသုံးပြုပြီး ဈေးကွက်မှာ နေရာရယူခြင်း တစ်မျိုးဖြစ်ပါတယ်။

Content Marketing တွေကို အဆင့် အလိုက်ခွဲရင် အခြေခံအားဖြင့် (၄) ဆင့် ရှိပါတယ်။

၁။ လူတွေကိုဆွဲဆောင်မယ့် အာရုံစိုက်မှု(Attention) ပေးနိုင်မယ့် Awareness
၂။ လာကြည့်တဲ့လူတွေကို စိတ်ဝင်စားမှုပေးနိုင်ပြီး Customer ဖြစ်ရန် အလားအလာရှိစေသော Interest
၃။ စိတ်ဝင်စားသောလူများအား Brand ၏ ခိုင်မာမှုကိုပိုမိုသိရှိစေပြီး ဝယ်ရန် အလားအလာရှိစေသော Consideration
၄။ မိမိ Product/ Service အား ဝယ်ယူရန်ဆုံးဖြတ်ပြီး Customer အဖြစ်ပြောင်းလဲသော Decision

Awareness အဆင့်မှာ လူအများအား ဆွဲဆောင်စေနိုင်သော Article, Blog Post, Photo, Video, e-Book အစရှိသော ပုံစံ (Type) များ ထိရောက်သော Content ပုံစံများဖြစ်ကြပါတယ်။ ဆွဲဆောင်နိုင်မှ ကြည့်တဲ့သူက Interest အဆင့်မှာ ဆက်ကြည့်ဖြစ်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် Awareness အဆင့်မှာ ဆွဲဆောင်မှုရှိဖို့ လိုအပ်ပါတယ်။

Interest အဆင့်မှာ Awareness အဆင့်ထက်ပိုပြီး စိတ်ဝင်စားစရာတွေ တင်ဆက်ရမှာဖြစ်ပါတယ်။ Training Video တွေ Tutorial Video တွေ Product နဲ့ဆိုင်တဲ့ Solution စတာတွေနဲ့ စိတ်ဝင်စားဖွယ် ပိုမိုတင်ဆက်ရမှာ ဖြစ်ပါတယ်။

Consideration အဆင့်မှာ Brand ရဲ့ခိုင်မာမှုကို ပိုမိုပြရမှာဖြစ်ပါတယ်။ User Review တွေ Product နဲ့ပတ်သက်တဲ့ အကြောင်းတွေကို အသေးစိတ်ရှင်းပြတာမျိုးတွေ တင်ဆက်ရမှာဖြစ်ပါတယ်။

Decision အဆင့်ကတော့ ဝယ်ယူဖို့ ဆုံးဖြတ်တဲ့အဆင့်ဖြစ်လို့ ကိုယ့်ပစ္စည်းဟာ သူ့အတွက်တန်ဖိုးရှိတဲ့ Value ပိုင်းတွေ ၊ ဒီပစ္စည်းဝယ်လို့ ဘာတွေပြန်ရမလဲဆိုတဲ့ ROI ပိုင်းတွေ ပိုပြီးအသားပေးရမှာဖြစ်ပါတယ်။

အောက်ပါပုံမှာတော့ Awareness, Interest, Consideration, Decision အဆင့်တွေရဲ့ Content ပုံစံတွေကို (၄၁) မျိုး ခွဲခြမ်းစိတ်ဖြာပြထားပါတယ်။

Ref: Medium Corporation

social sharing buttons