ယနေ့ ဒစ်ဂျစ်တယ် လောကသည် အာရုံစိုက်ခြင်း၊ သတိပြုခြင်း (Attention) ခံရအောင် ပုံစံမျိုးစံဖြင့် ကြိုးစားအားထုတ်လျက် ရှိပါသည်။ လူတစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ခြင်း၊ လူတစ်ယောက်မှ လူအများသို့ ဆက်သွယ်ခြင်း တို့အပြင် စီးပွားရေးလုပ်ငန်းကြီးများကလည်း လုပ်ငန်းအချင်းချင်းဆက်သွယ်ခြင်း၊ အလားအလာရှိသော Customer များထံသို့ ဆက်သွယယ်ခြင်းတို့ဖြင့် Customer နှင့် ခိုင်မြဲသော Relationship ကို ရရှိအောင် ဆောင်ရွက်ကြလျက်ရှိပါသည်။ သို့ရာတွင် သင့် Content များမှာ SEO Sensitive Content များဖြစ်မဖြစ် ဆန်းစစ်ရန်လည်းလိုအပ်ပါသည်။ Content များရေးသားရာတွင် သထိထားသင့်သော အချက် (၅) ချက် ကို တင်ဆက်လိုက်ပါသည်။
၁။ သင့် Content ကို လူတွေအတွက် ရေးပါ Search Engine အတွက်သာ မရေးပါနဲ့
လူအများစုက Content ရေးသားတဲ့အခါ Search Engine keyword တွေ အတွက်ပဲရေးကြပြီး လူတွေဖတ်ဖို့ လူတွေအတွက်ရေးဖို့ မေ့နေကြပါတယ်။ သင့်အရေးအသားက အရမ်းကြီး စက်ရုပ်လိုဖြစ်နေရင်တော့ သိပ်မကောင်းပါဘူး။ လူတွေခံစားပြီး ဖတ်ဖို့လည်းရေးပေးပါ။
၂။ သင်ရေးမယ့်အကြောင်းအရာကို သေချာ Research ပြီး Actionable ဖြစ်အောင်ရေးပါ
Content ရေးတဲ့အခါ Search Engine နဲ့အဆင်ပြေရုံမဟုတ်ပဲ ဖတ်တဲ့သူတွေအတွက် သေချာ Value တစ်ခုရအောင်ရေးပါ။ Attention, Interest, Desire, Action အဆင့်လေးဆင့်လုံးမှာ နောက်ဆုံး Actionable ဖြစ်အောင်ပါ ရေးသင့်ပါတယ်။
၃။ သင့် Content ကို Platform တွေမှာ မတင်ခင်မှာ တည်းဖြတ်ပြင်ဆင်တာ (Edit) လုပ်ပါ
Content ရေးပြီးတဲ့အခါ ဘယ်မှာမှ မတင်ခင် Edit လုပ်သငါ့ပါတယ်။ Spelling Mistake တွေရှိလား၊ SEO Friendly ဖြစ်ရဲ့လား၊ သင်ပေးချင်တဲ့ message ဘယ်အပိုဒ်မှာ ဘယ်လိုပုံစံနဲ့ပေးမလဲ စတာတွေ ပြန်လည် ဆန်းစစ်ပြီး တည်းဖြတ်ပြင်ဆင်သင့်ပါတယ်။
၄။ သင့် Content အတွက် အထောက်အပံ့ဖြစ်မယ့် ကိုက်ညီမယ့် ရုပ်ပုံတွေသုံးပါ
စာဖတ်သူအများစုဟာ စာအရှည်ကြီး ရေးထားတာကို ဖတ်ရမှာပျင်းကြပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ရုပ်ပုံတွေနဲ့ လိုရင်းကို တိုတိုနဲ့ထိရောက်အောင် တင်ပြတာမျိုးကို ပိုနှစ်သက်ကြပါတယ်။ သင့် Content နဲ့ ကိုက်ညီမယ့် ရုပ်ပုံတွေနဲ့ စာဖတ်သူကို ဆွဲဆောင်သင့်ပါတယ်။
၅။ စာဖတ်သူတွေ အတွက် မှတ်မိလွယ်မယ့်၊ ဆွဲဆောင်မှုရှိတဲ့ Heading နဲ့ Highlight တွေသေချာရွေးချယ်ပါ
Content တစ်ခုမှာ အရေးအကြီးဆုံးက Heading ပါ။ Heading ကို စိတ်မဝင်စားရင် ဆက်ဖတ်ဖို့ မသေချာတော့ပါဘူး။ Heading တွေ Highlight ပြတဲ့အရာတွေ Graphic တွေနဲ့ စာဖတ်သူရင်ထဲရောက် အောင်ဆွဲခေါ်သွားသင့်ပါတယ်။
Ref: Mondovo