Internet လောကမှာ PR ကို Page Rank လို့လူသိများပါတယ်။ Page Rank ကို ရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ဆိုရရင်တော့ ကိုယ့်ရဲ့ဝက်ဆိုက်(ဒ်)ကို Search Engine (Google) က ပေးထားတဲ့ အဆင့်သတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ PR နံပါတ်မြင့်လေလေ Search Engine (Google) ရဲ့ ယုံကြည်မှုပိုရလေလေ၊ အသုံးပြုသူတွေရဲ့ ရှာဖွေစကာားစုဆီလျော်မှုပေါ်မူတည်ပြီး ရှာဖွေမှုရလာဒ် စာမျက်နှာမှာ ကိုယ့်ရဲ့ဝက်(ဘ်)ဆိုက် မကြာခဏဆိုပေါ်လာလေလေ ဖြစ်တဲ့အတွက် လူကြည့်များပြီး နာမည်ကြီးတဲ့ ဝက်(ဘ်)ဆိုက်တစ်ခု ဖြစ်လာပါတော့တယ်။

Page RankPage Rank အဆင့်သတ်မှတ်ချက်မှာ သုညကနေ တစ်ဆယ်ထိရှိပါတယ်။ ကိုယ့်ဝက်(ဘ်)ဆိုက် ရဲ့ရေးပါမှု၊ တင်ပြချက်ကျိုးကြောင်းဆီလျော်မှု၊ လူစိတ်ဝင်စားမှုအနည်းအများပေါ်မူတည်၍ သချင်္ာနည်းကျကျတွက်ချက်တဲ့ Search Engine ရဲ့ Algorithm Calculation Method လဲဖြစ်ပါတယ်။ လူတိုင်းသိတဲ့ ဥပမာတစ်ခုပေးရရင် Google Search မှာ “buy clothes” ဆိုတဲ့ စကားစုရိုက်ပြီးထည့်ရှာလို့ နည်းပညာဝက်(ဘ်)ဆိုက် ဘယ်တော့မှကျမလာပါဘူး။ Irrelevancy ဆိုတဲ့ ကျိုးကြောင်းဆီလျော်မှုမရှိလို့ ပါပဲ။ ပုံမှန်အားဖြင့် အစိုးရနှင့်သက်ဆိုင်သော .gov ဆိုက်တွေ၊ ပညာရေးနှင့် သက်ဆိုင်သော .edu ဆိုက်တွေဟာ Google ရဲ့ ယုံကြည်မှုကို ပိုမိုရရှိပြီး PR လဲမြင့်မားတတ်ကြပါတယ်။

လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Facebook ရဲ့ Page Rank ဟာ 9 ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး Search Engine Giant “Google.com” ရဲ့ PR ဟာလဲ 9 ပဲဖြစ်ပါတယ်။ Page Rank ဟာ internet marketing မှာ လွန်စွာ အရေးပါကြောင်းတင်ပြခြင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ Website Page Rank ဘယ်လောက်ရှိလဲ သိချင်ကြမှာပါ။ Thrid Party Tool များစွာထဲက လူတိုင်း Free သုံးလို့ရမဲ့ Website တစ်ခုကို လမ်းညွှန်ပေးလိုက်ပါတယ်။ PR အစစ်လား အတုလားဆိုတာတောင် ခွဲခြားနိုင်ပါတယ်။

http://www.seomastering.com/fake-pagerank-checker.php

ဂူးဂဲ(လ်) ပန်ဒါ | Google Panda

SEO (Search Engine Optimization) နဲ့ရင်းနီးတဲ့ Blogger တွေ၊ ကွန်ပျူတာပညာရှင်တွေဆိုရင် ပန်ဒါ ပင်ဂွင်း အကြောင်းကိုရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ Panda ဆိုတဲ့ Content Quality စစ်တဲ့ Crawler Bot ကို ၂၀၁၁ ဖေဖော်ဝါရီမှာ Google က စတင်အသုံးပြုခဲ့ပါတယ်။ သူဟာ တစ်ကမ္ဘာလုံးမှာရှိသမျှ မီလျံပေါင်းမခားစွာသော ဝက်(ဘ်)ဆိုက်၊ ဘလော့(ခ်) တွေရဲဲ့့ စာမျက်နှာတစ်ခုချင်းစီမှာရှိတဲ့ Content အကြောင်းအရာကို ဖတ်ရှုမှတ်တမ်းတင်နိုင်ပါတယ်။ ဘာသာပေါင်းမြောက်များစွာနဲ့ ရေးသားထားသော ဝက်(ဘ်)ဆိုက် စာမျက်နှာကို ကျိုးကြောင်းဆီလျော်ခြင်းရှိမရှိ အကဲဖြတ် အမှတ်ပေးနိုင်စွမ်းရှိပါတယ်။

webခေါင်းစဉ်မှာ “တစ်ကျပ်နဲ့ရောင်းမယ်” လို့ကြော်ငြာပြီး စာပိုဒ်ဆုံးမှ “ငွေတစ်ဆယ်ဖြင့် ဝယ်ယူနိုင်ပါပြီ” ဆိုသော Customer ကို အကြောင်ရိုက်သော Content များ၊ Search Engine ကို မလိမ့်တစ်ပတ်ရိုက်သော Online Marketer အချို့နှင့် SEO specialist များဟာ Google Panda ကြောင့် အတုံးအရုံး ကျရှုံးခဲ့ကြရပါတယ်။ အခြံုပြောရရင်တော့ Search Engine နဲ့ ကစားတဲ့ Game မှာ unique ဖြစ်တဲ့ အကြောင်းအရာ (Content) ဟာ “KING” ဖြစ်ပါတယ်။ ကိုယ့်ဝက်(ဘ်)ဆိုက်ရဲ့ Content ဟာ Google ကြိုက်တဲ့ စံညွှန်းနဲ့ Relevant ဖြစ်နေသ၍ ကြောက်စရာတော့ မလိုပါဘူး။

 

ဂူးဂဲ(လ်) ပင်ဂွင်း | Google Penguin

ဂူးဂဲ(လ်) ပင်ဂွင်းဆိုတာကတော့ ပန်ဒါနဲ့အတူအလုပ်လုပ်တဲ့ Killer Bot ဖြစ်ပါတယ်။ Google က ပင်ဂွင်းကို ၂၀၁၂ ဧပြီမှာစတင်မိတ်ဆက်ခဲ့ပြီး ပန်ဒါမှတ်သားအကဲဖြတ်ထားတဲ့ စာရင်းတွေနှင့်တစ်ကွ Google Webmaster ကချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ကိုက်ညီမှုမရှိ၊ လိုက်နာမှုမရှိတဲ့ Website၊ Blog တွေကို ဖြုတ်၊ ထုတ်၊ သတ် လုပ်ပါတော့တယ်။ ပြစ်ဒဏ်ကြီးလေးရင် Penalization လုပ်ပါတယ်။ Penalized အလုပ်ခံရတဲ့ ဝက်(ဘ်)ဆိုက်ဟာ Browser မှာ Exact URL ရိုက်ထည့်ပြီးကြည့်ရင်ရှိနေသေးပေမဲ့ Google ဆိုတဲ့ ကမ္ဘာ့အကြီးဆုံး Search Engine ကြီးရဲ့ ရှာဖွေမှုရလာဒ် စာရင်းမှာတော့ ဘာရိုက်ထည့်ပြီးရှာရှာ လုံးဝမရှိတော့ပါဘူး။ ပင်ဂွင်း လက်ချက်ပါ။ ဖြစ်ဒဏ်ကလွတ်ငြိမ်းချမ်းသာခွင့်ကို Google မှာအယူခံဝင်နိုင်သေးပေမဲ့ ကမ်းမမြင်၊ လမ်းမမြင်လှော်ခပ်ရတဲ့ လှေလိုပါပဲ။

panda and penguinယနေ့ခောတ် အင်တာနက်ထွန်းကားတဲ့ ကျနော်တို့နိုင်ငံမှာ ဝက်(ဘ်)ဆိုက်ဟာ စီးပွားရေးလုပ်ငန်းများအတွက် အထူးအရေးပါလာတာနှင့်အမျှ၊ ၄င်းကို ဘယ်လို အသုံးချပြီး Marketing လုပ်မလဲဆိုတာနဲ့ ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာတွေဟာ အထူးအရေးပါတဲ့ စဉ်းစားစရာအချက်တွေဖြစ်လာပါတော့တယ်။ ကိုယ့်ရဲ့ စီးပွားရေးဝက်(ဘ်)ဆိုက်ကို ကျွမ်းကျင်လိမ္မာစွာ ထိန်းသိမ်း အသုံးချနိုင်မမယ့် Internet IT ပညာရှင်ကို ကိုယ်ပိုင် ခန့်မလား၊ ကိုယ်ကိုယ်တိုင် အချိန်ပေးလေ့လာ စီမံခန့်ခွဲမလား၊ ကျွမ်းကျင်ကုမ္ပဏီများနဲ့ ဆက်သွယ်အလုပ်အပ်နှံရမလားဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတော့တယ်။

SEOMyanmar.com

social sharing buttons