16 Feb 2020
Instagram ဟာနောက်ပိုင်းမှာ တိုးတက်မှုနှုန်း မြန်လာတဲ့ Social Media Platform တစ်ခုလို့ ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းကို Instagram မှာ Ads တွေပါ Run ဖို့စိတ်ကူးရှိတယ်ဆိုရင် သိထားသင့်တဲ့ Ad Format တွေနဲ့ Ads Ratio တွေကို ဖော်ပြပေးပါမယ်။
Instagram မှာသတ်မှတ်ထားတဲ့ Photo Ads Ratio တွေကတော့ Landscape အနေအထားမှာ 1.91:1 Ratio ဖြစ်ပြီး ပုံဆွဲရမယ့် Pixel အတိုင်းအတာကတော့ 1200×628 ဖြစ်ပါတယ်။ Square အနေထားကတော့ 1:1 Ratio ဖြစ်ပြီး Pixel အတိုင်းအတာနဲ့ရင် 1080×1080 ဖြစ်ပါတယ်။ Portrait အနေအထားမှာတော့ 4:5 Ratio ဖြစ်ပြီး Pixel အနေအထားကတော့ 1080×1350 နဲ့ဖြစ်ပါတယ်။ Instagram ရဲ့ Video Ads Ratio တွေကလည်း Photo Ads Ratio နဲ့အတူတူပဲ ဖြစ်ပါတယ်။
Instagram Stories Ads အတွက် Photo, Video နဲ့ Carousel Ratio ကတော့ 9:16 Ratio ဖြစ်ပြီး Pixel အနေအထားကတော့ 1080×1920 ရှိရမှာဖြစ်ပါတယ်။
Instagram Carousel Ads တွေအတွက် Ratio အနေနဲ့က 1:1 ဖြစ်ပြီး Pixel အနေအထားက 1080×1080 ရှိဖို့လိုအပ်ပါတယ်။ Carousel Ads အတွက်သတ်မှတ်ထားတဲ့ Image နဲ့ Video အရေအတွက်က (၁၀) ခု ထိသုံးနိုင်ပါတယ်။ Video ကတော့ စက္ကန့် (၆၀) အထိတင်နိုင်ပါတယ်။
Instagram Collection Ads တွေအတွက် Ration ကတော့ 16:9 (သို့မဟုတ်) 1:1 Ratio နဲ့သုံးနိုင်ပြီး Pixel အနေအထား 1920×1080 (သို့မဟုတ်) 1080×1080 ဆိုပြီး ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီ Ad Format ကိုအသုံးပြုချင်တယ်ဆိုရင်တော့ Facebook Catalog ကိုပါတွဲဖက် အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
ဖော်ပြခဲ့တဲ့ အချက်တွေကို ကြည့်ခြင်းအားဖြင့် မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေကို Instagram မှာ Ads Run ပြီးလုပ်ကိုင်တဲ့ အခါမှာ Format နဲ့ Ratio တွေကို သတိထားပြီး လုပ်ကိုင်နိုင်သွားမှာ ဖြစ်ပါတယ်။