Facebook က Campaign တွေကို Mobile နဲ့ Run နေတဲ့ User တွေအတွက် ဆန်းသစ်တဲ့ Tools အသစ်လေးတစ်ခုကို Mobile Apps ဖြစ်တဲ့ Ads Manager မှာထည့်သွင်းပေးလိုက်ပါတယ်။ ဒီ Tools လေးကတော်တော်ကိုအသုံးဝင်တဲ့ Creative Tools လေးလို့မြင်မိပါတယ်၊ အဲ့ဒီထဲမှာဘာတွေပါလဲဆိုရင်တော့…
Text Overlay & Text Policy Checker
ဒီ Tools လေးကတော့ သင့်ရဲ့ Ad တွေမှာ Text တွေကို အလွယ်တကူထည့်နိုင်ပြီး၊ Font တွေလည်း စုံစုံလင်လင်ပါဝင်တဲ့အတွက် သင်ရွေးချယ်ချင်တဲ့ Font Style ကို မြန်မြန်ဆန်ဆန်အသုံးပြုနိုင်ပါတယ်။ TextPosition နဲ့ Opacity ကိုလည်း လိုသလို ချိန်ညှိနိုင်ပါတယ်။ Text Policy Checker ကတော့ သင်အသုံးပြုထားတဲ့ Text တွေက Facebook’s Guidelines ထက်ကျော်လွန်နေမယ်ဆိုရင် သင့်ကိုအချက်ပြပေးမှာဖြစ်ပါတယ်။ ဒီ Tools လေးရဲ့ ကောင်းကွက်ကတော့ သင်ဟာ Ad မှာ Text တွေကို Facebook’s Guidelines ထက်ကျော်လွန်ပြီးအသုံးပြုထားခဲ့လို့ Facebook က Reject လုပ်ခံရတာတွေမဖြစ်တော့ပါဘူး။
Image Cropper
ဒီ Crop Tools လေးကတော့ Social Platform တော်တော်များများမှာ ရှိနေပါပြီ။ သင့်ရဲ့ Ad မှာအသုံးပြုထားတဲ့ ပုံလေးတွေကို သင်နှစ်သက်သလောက် Crop လုပ်နိုင်တဲ့ Tools လေးတစ်ခုပဲဖြစ်ပါတယ်။
Templates
Facebook ဟာ Ads Manager Mobile Apps ထဲမှာ Template လေးတွေကို အတိုင်းအတာတစ်ခုအထိ ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ Ad Run တော့မယ်ဆိုရင် ကြိုက်နှစ်သက်ရာ Template လေးတွေကို ရိုးရိုးရှင်းရှင်း၊ လွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်ပါပြီ။
Shapes, Stickers and Logos
ဒီ Tools လေးနဲ့ သင့်ရဲ့ Ad မှာ Stickers, Shapes နဲ့ သင့်ရဲ့ Brand Logos အစရှိတာတွေကို လိုအပ်သလို အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အသုံးဝင်မဲ့ Tools လေးတစ်ခုဖြစ်ပါတယ်။
Color Filters
နောက်ဆုံး Tools လေးကတော့ Color Filter Tools လေးပဲဖြစ်ပါတယ်။ ဒီ Tools လေးကတော့ Instagram သုံးတဲ့ User တွေကတော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ သင့်ရဲ့ Ad မှာ Run မဲ့ ပုံလေးတွေရဲ့အရောင်လေးတွေကို Filter လုပ်နိုင်ပါတယ်။
ဒီ Tools လေးတွေဟာ Ads Manager Mobile Apps အသုံးပြုပြီး Ads တွေ Run နေတယ်ဆိုတဲ့ User တွေအတွက်အသုံးဝင်မဲ့ App လေးတစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
Ref – socialmediatoday