YouTube ရဲ့ Update တွေထဲကသိရှိခဲ့ရတာကတော့ 15th January 2019 မှာ Annotation တွေကို YouTube Video Annotation တွေမှာ မရှိတော့အောင် De-activate လုပ်သွားမယ်လို့ သိရှိရပါတယ်။ ကဲ YouTube Video Annotation တွေက ဘာတွေလဲဆိုရင်တော့ ကျနော်တို့တွေ YouTube မှာ Video တွေ ဝင်ကြည့်တဲ့ အခါမှာ YouTube Video Screen ပေါ်မှာ တွေ့ရတတ်တဲ့ Pop-Up Click Box လေးတွေကိုပဲဖြစ်ပါတယ်။ ဒီ Annotation တွေက YouTube User တွေအတွက် စိတ်အနှောက်အယှက်ဖြစ်စရာ အရာတွေဆိုရင်လည်း မမှားပါဘူး။

YouTube က ဒီ Annotation တွေကို ဖယ်ထုတ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ရတဲ့ အကြောင်းအရင်းကတော့ User တွေဟာ ကိုယ်လိုချင်တဲ့ အကြောင်းအရာကို ရှာဖွေကြည့်ရှုဖို့ အတွက် YouTube မှာလာရောက်ရှာဖွေကျပြီး Video ကိုကြည့်တဲ့ အခါမှာ Annotation တွေက Video ရဲ့ တစ်နေရာရာမှာ လာပြီးပေါ်လာတတ်ကျပါတယ်၊ User တော်တော်များများကတော့ အဲ့ဒီ Annotation တွေကို ဝင်မကြည့်ကျပါဘူး။ Delete သာလုပ်ကျတာပါ။ နောက်တစ်ချက် အနေနဲ့က ဒီ Annotation တွေက Mobile Device တွေမှာ ဆိုရင်လည်း မပေါ်ဘူး၊ ကမ္ဘာ့ပေါ်မှာ YouTube ကို Mobile Device တွေနဲ့ သုံးစွဲတဲ့ User အရေအတွက်ဟာ 60% ရှိနေပါပြီ။ ဒါကြောင့်မို့ YouTube အနေနဲ့ ဒီ YouTube Video Annotation တွေကို ပယ်ဖျက်ဖို့ဆုံးဖြတ်လိုက်တယ်လို့လည်း ယူဆနိုင်ပါတယ်။ 15th January 2019 ရောက်ရင်တော့ YouTube User တွေအနေနဲ့ Annotation တွေမပါပဲ အနှောက်အယှက် ကင်းကင်းနဲ့ အသုံးပြုလို့ရပါပြီ။ ဒါပေမဲ့ Ads Video တွေကတော့ ရှိနေအုံးမှာပဲဖြစ်ပါတယ်။

Ref – socialmediatoday

Leave a Reply

social sharing buttons