15 Aug 2019
Daily User 500 Million နဲ့ လူငယ် Audience အများအပြားနဲ့ အောင်မြင်နေတဲ့ Social Media Site တစ်ခုဖြစ်တဲ့ Instagram ဟာဆိုရင် သူရဲ့ Audience အပေါ်ကို အမိုက်စား Feature တွေအမြဲတမ်း ပေးနေတာကိုတွေ့ရပါတယ်။ ဒီလိုဆန်းသစ်တဲ့ Feature တွေနဲ့ Post တွေ Stories တွေကို ဖန်တီးနိုင်ခြင်းက လူငယ် Audience အများစု အထူးသဖြင့် မိန်းကလေး Audience ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပါသေးတယ်။
အခုချိန်မှာဆိုရင်လည်း Audience အတွက် Post တွေ Stories တွေကို Spark AR Effect နဲ့ ဖန်တီးနိုင်ဖို့ အတွက် Update တစ်ခုထပ်ပေးလိုက်ပါတယ်။ ဒီ AR Effect တွေကိုတော့ Effect Gallery ထဲမှာ လွယ်လွယ်ကူကူနဲ့ ရွေးချယ်နိုင်ပြီး AR Filter တွေနဲ့ Post တွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Filter တွေကို AR Effect တွေနဲ့ အခြား Effect အသစ်တွေကိုပါ ရွေးချယ်နိုင်အုံးမှာလည်း ဖြစ်ပါတယ်။
Instagram မှာလုပ်ငန်း လုပ်ကိုင်နေတဲ့ Business တွေအနေနဲ့ လည်း မိမိ Product/Service တွေကို ကြော်ငြာတာတို့၊ Promote လုပ်ချင်တာတို့ဆိုရင်လည်း ဒီ AR Effect တွေကို ကောင်းကောင်း အသုံးချနိုင်ပါသေးတယ်။ ဒီလိုပဲ User တွေအနေနဲ့ဆိုရင်လည်း မိမိရဲ့ Account မှာရှိတင်ချင်တဲ့ Post တွေ Stories တွေကို Creative ဖြစ်စေချင်တယ်ဆိုရင် ဒီ AR Effect တွေ Filter တွေကို သုံးနိုင်ပါတယ်။
Effect Gallery နဲ့ Camera Style တွေကိုလည်း အောက်ပါပုံမှာ ဖော်ပြထားပါတယ်...