Social Media ပေါ်မှာ Live-Stream တွေခေတ်စားလာတာဟာကောင်းမွန်တဲ့အချက်တစ်ချက်ဖြစ်လာ တယ်လို့ဆနိုင်ပါတယ်။ ကောင်းမွန်တဲ့ Live-Streaming တွေပြုလုပ်ပေးတဲ့အခါမှာဆိုရင်တော့ Engagement ရယုံတင်မဟုတ်ပဲ Audience အတွက်ပါ ဗဟုသုတကောင်းတစ်ခုခု ရရှိခဲ့တယ်ဆိုရင် နှစ်ဦးနှစ်ဖက်စလုံးအ တွက်ကောင်းမွန်ပါတယ်။ Video Live-Streaming နဲ့ Audio Only Live-Streaming (၂) မျိုးရှိတဲ့အထဲမှာမှ Audio Only Live-Streaming ကို 2016 လောက်ကတည်းက Facebook မှာအသုံးပြုလိုရရှိနေခဲ့တာပါ။ Twitter မှာကတော့ Audio Only Live-Streaming ကိုဘာကြောင့် လစ်လျူရှုထားခဲ့လဲဆိုတာကိုတော့ မသိပါဘူး။ ယခုအချိန်မှာတော့ တောင်းဆိုမှုတွေများပြားလာတဲ့အတွက်ကြောင့်မို့ Audio Only Live-Streaming ပြုလုပ်နိုင်အောင် Update လုပ်ပေးလိုက်ပါပြီ။

ဒီလို Audio Only Live-Streaming ပြုလုပ်ခြင်းကို ဘယ်လိုလူတွေကတောင်းဆိုကျလဲဆိုရင်တော့ အသံပဲလွှင့်ပြီး မျက်နှာမပြလိုသူများကတောင်းဆိုတာပဲဖြစ်ပါတယ်။ ဒီအချက်ကတော့ မျက်နှာမမြင်ရလည်းထိုသူ Streaming လုပ်နေတဲ့အရာက ဗဟုသုတကောင်းတွေရရှိစေမဲ့အရာမျိုးဆိုနားထောင်ရတာတန်ဖိုးရှိပါတယ်။ ဒီလို Audio Only Live Streaming ပြုလုပ်ခြင်းရှိလာတဲ့အခါမှာဆိုရင်တော့ Audience အတွက်ဗဟုသုတကောင်းတွေကို ပိုမိုရရှိလာစေမှာဖြစ်ပြီး Engagement လဲပိုမိုရရှိလာစေပါတယ်၊ ဆိုလိုချင်တဲ့အဓိပ္ပါယ်ကတော့ အရင်ကဆိုရင် Video Live Streaming သာရှိတဲ့အတွက် Knowledge Sharing လုပ်တဲ့သူဦးရေဟာ အခုလောက်မများပြားဘူးလို့ဆိုလိုချင်တာပါ။ ဒီ Update လေးကတော့ iOS တွေမှာအရင်အသုံးပြုလို့ရမှာဖြစ်ပြီး Android မှာတော့ မကြာခင်ရရှိလာမှာဖြစ်ပါတယ်။ Audio Only Live-Streaming ပြုလုပ်ခြင်း ဟာ USA မှာတော့ များပြားစွာပြုလုပ်လာတာကိုတွေ့ရှိရပါတယ်။ အရေအတွက်အရဆိုရင်တော့ USA မှာ Audio Only Live-Streaming Podcast နားထောင်သူ 124 Million အထိရှိတယ်လို့ သိရှိရပါတယ်။ ဒီတော့ Twitter ရဲ့ ဒီ Update လေးဟာဆိုရင်တော့ ကောင်းမွန်တဲ့ Update လေးတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref – socialmediatoday

Leave a Reply

social sharing buttons