Digital ခေတ်ကြီးထဲမှာ Social Media Marketing က Brand တွေကို User တွေရောက်အောင်ပြုလုပ်ပေးနေတဲ့ ခြားခံနယ်တစ်ခုလို့ပြောလို့ရပါတယ်။ ဒါကြောင့် လုပ်ငန်းတော်တော်များများဟာ လိုချင်တဲ့ Goal ကိုရရှိအောင် Social Media Marketing ကိုအသုံးပြုပြီး Advertise လုပ်လာကြပါတယ်။ Social Media Advertising နဲ့ပတ်သတ်ပြီးတော့ အခြေခံအချက် ၄ ချက်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အခြေခံ Social Media Advertising Tip ၄ ခုကတော့…

1. Targeting
2. Creative
3. Landing Page
4. Tracking တို့ပဲဖြစ်ပါတယ်။

1. Targeting
မိမိရဲ့ Product/ Service ကိုမှန်ကန်တဲ့ Audience ဆီကိုရောက်ဖို့ Target ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ဒီမှန်ကန်တဲ့ Targeting ရွေးချယ်မှုကြောင့် U.S မှာ Social Media Content ကတဆင့် Product ဝယ်ယူမှုမှာ ၇၆% အထိရှိခဲ့ပါတယ်။ ဒါကြောင့် သင့် Product/ Service ကို Advertise လုပ်မယ်ဆိုရင် Target ရွေးချယ်မှုမမှားယွင်းဖို့လည်း လိုအပ်ပါတယ်။ Targeting ပြုလုပ်ရာမှာ Age, Gender, Interest Data အစရှိတဲ့ Targeting Category တွေရွေးချယ်နိုင်ပါတယ်။

2. Creative
Social Media ပေါ်မှာ Advertise လုပ်ချင်တယ်ဆိုရင် Content Creation ကလဲအရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ Advertise လုပ်တဲ့နေရာမှာတော့ Competitor တွေထက် Creative ဖြစ်တဲ့ Advertisement မျိုးဖြစ်ဖို့လိုပါတယ်။ သင့်ရဲ့ Advertisement မှာ Color အသုံးပြုမှု၊ Call- To- Action Button ထင်ရှားမှု တို့ကို အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

3. Landing Page
Landing Page ဆိုတာကလည်း Social Media Marketing နဲ့ ပတ်သတ်လာရင်အရေးကြီးတဲ့ Profile တစ်ခုဖြစ်တဲ့ အတွက် Consistency ဖြစ်နေပြီး Smart ကျတဲ့ Design ဖြစ်နေဖို့လို အပ်ပါတယ်။ Advertising အတွက် Budget တွေ အချိန်တွေ အကုန်ခံပြီး အသုံးပြုထားခဲ့ပြီး Landing Page က Smart မဖြစ်ဘူးဆိုရင်တော့ အကျိုးသက်ရောက်မှုရှိသင့်သလောက် မရှိပဲ ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။

4. Tracking
နောက်ဆုံးအချက်တစ်ချက်ကတော့ သင့်လုပ်ငန်းရဲ့ Advertising ရလဒ်တွေကို Tracking လုပ်ဖို့ လိုအပ်ပါ တယ်။ သင့်လုပ်ငန်း ရဲ့ Social Media Advertising Post တွေ ရဲ့ Click, Page Visit, Impression တွေ ကို Tracking လုပ်ဖို့ လိုအပ်ပါတယ်။ ဒီလို Tracking လုပ်ပေးခြင်းက သင့် Social Media Advertising မှာဘယ် Audience ကဘယ်အရာကို ကြိုက်တယ်၊ ဘယ်နေရာတွေက အားနည်းချက်ရှိတယ်ဆိုတာကို သုံးသပ်နိုင်မှာဖြစ်ပါတယ်။ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး ပိုမို ထိရောက်တဲ့ Social Media Advertisingတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဒီ Tip ၄ ခုဟာဆိုရင် Social Media Advertising အတွက် သိထားသင့်တဲ့ အခြေခံ Tip တွေဆိုရင်လည်းမမှားပါဘူး။

Leave a Reply

social sharing buttons