14 Dec 2022
သင့်ရဲ့စီးပွားရေးလုပ်ငန်းအတွက် Website တည်ဆောက်ပြီး အောင်မြင်မှုရှာဖွေနေတဲ့ သူတစ်ယောက်လား? ဒါဆိုရင်တော့ အထောက်အကူဖြစ်စေမယ့် Strategy တွေကို ဖော်ပြပေးသွားပါမယ်…
သင့်ရဲ့ Website ကို Google First Page မှာရောက်ရှိနေစေမယ့် Content နဲ့ SEO လုပ်ထားဖို့လိုအပ်ပါတယ်။ ဒီအချက်ကတော့ Business တစ်ခုကြီးမားလာဖို့ အတွက်က Organic Customer ကအရေးကြီးပါတယ်။ 80% သော Website Visitor တွေက Paid Ads တွေကို လျစ်လျှုရှုတတ်ပြီး Organic Search Result တွေကို 20% Focus လုပ်ပြီးရှာတတ်ပါတယ်။ နောက်တစ်ချက်က 75% သော Website Visitor တွေက First Page မှာရှိတဲ့ Search Result တွေကို Scroll Down လုပ်ခဲတာကို တွေ့ရှိရပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်း အားဖြင့် သင့်ရဲ့ Website ဟာ Ranking ထိပ်ဆုံးရောက်နေဖို့ လိုအပ်ပါတယ်။
ဒီလို Ranking ထိပ်ဆုံး ရောက်နေဖို့က သင့် Website မှာသုံးထားတဲ့ Keyword တွေက သင့်လုပ်ငန်းနဲ့ သက်ဆိုင်ပြီး Audienceအရှာများနိုင်မယ့် Keyword တွေဖြစ်ဖို့လိုအပ်ပါတယ်။ Content ကောင်းကောင်း Creation လုပ်ခြင်းဖြင့်လည်း သင့်ရဲ့ Website ကို Authority Sites တွေရဲ့ Backlink ပြန်ရခြင်းက သင့် Website အတွက် ကောင်းမွန်ပြီး သင့်ရဲ့ Content နဲ့ Website ကပိုမိုများပြားတဲ့ Search Result တွေနဲ့ အောင်မြင်မှု ရရှိတဲ့ Business Website တစ်ခုဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ် Website Optimization Strategy တစ်ခုကတော့ သင့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ Audience Engagement ရရှိထားတဲ့ Influencer တစ်ယောက်ကို ရှာဖွေပြီး၊ သင့်ရဲ့ Audience ဖြစ်လာအောင် ပြုလုပ်တဲ့ နည်းပဲ ဖြစ်ပါတယ်။ Influencer Marketing လို့ခေါ်နိုင်ပြီး သင့် Website လုပ်ငန်းနဲ့ ပတ်သက်နိုင်တဲ့ Influencer နဲ့ Audience Engagement ရှာဖွေခြင်းကလည်း Audience ကိုတော်တော် စွဲဆောင်နိုင်ပြီး ROI ရဲ့ ၆ ဆ ကိုတောင်ပြန်ပြီး ရရှိနိုင်ပါသေးတယ်။ နောက်ထပ်ကောင်းမွန်တဲ့ Website Optimization Strategy တစ်ခုကတော့ Close Rate တက်လာစေမယ့် Sale-focused Content တွေပဲ ဖြစ်ပါတယ်။ Content Marketing က Brand Awareness ပိုင်းမှာ အသုံးပြုရုံသာမကပဲ သင့်လုပ်ငန်းနဲ့ ပတ်သတ်ပြီး Creative ဖြစ်တဲ့
Product Video, Specs Sheet နဲ့ FAQ တွေဖန်တီးနိုင်ခြင်းက Customer တွေရဲ့ ဝယ်ချင်စိတ်ကို ပိုမိုလှုံ့ဆော် ပေးပါတယ်။
61% သောသူတွေက Creative ကောင်းကောင်းနဲ့ Content ဖန်တီးထားတဲ့ Brand တွေကိုပိုပြီး ဝယ်လိုစိတ်များတာကို တွေ့ရှိရပါတယ်။
ဒီအချက်တွေကတော့ စီးပွားရေးလုပ်ငန်းအတွက် Website တည်ဆောက်ပြီး အောင်မြင်မှုရှာဖွေနေတဲ့ သူတွေ၊ Website မှာ Customer အသစ်တွေရရှိလာအောင် Website Optimization Strategy ကောင်းကောင်း ကိုရှာဖွေနေသူတွေအတွက် သင်တော်မယ့် အကောင်းဆုံးနည်းလမ်းတွေပဲ ဖြစ်ပါတယ်။