13 Feb 2021
မြောက်များစွာသော Instant Messaging App တွေဟာ လက်ရှိအချိန်မှာ User တွေအသုံးပြုနိုင်ဖို့ ရှိနေပါပြီ။ ဒီလိုများစွာထဲမှာမှ Telegram ဆိုတဲ့ App ကတော့ အကောင်းဆုံးတွေထဲက တစ်ခုထဲမှာ ပါဝင်ပါတယ်။ ကျနော်တို့တွေဆီမှာက Facebook Messenger, Viber အစရှိတဲ့ App တွေကိုသာ ရင်းနှီးစွာ အသုံးပြုကြတာကိုတွေ့မြင်ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် Telegram ကို အသုံးပြုဖို့ လိုအပ်လာပြီဆို ရင်းနှီးစွာ အသုံးမပြုနိုင်တော့ အခက်အခဲ အနည်းငယ် ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ Telegram အသုံးပြုတဲ့ အခါမှာ Channel တွေကို ဘယ်လိုရှာရလဲ? ဘယ်လို Join ရလဲ ဆိုတာတွေကို ဝေမျှပေးသွားပါမယ်…
ပထမဆုံးအနေနဲ့ Telegram Channel Website ကိုရောက်ဖို့အတွက် ဒီဖော်ပြထားတဲ့ “နှိပ်ရန်” ကို နှိပ်ပေးပါ။
နှိပ်ပြီးပါက များစွာသော Categories တွေကို မိတ်ဆွေတို့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
သင်နှစ်သက်ရာ Category တစ်ခုကို နှိပ်ပြီးပါက Channel တွေ အများကြီးကို တွေ့ရမှာ ဖြစ်ပါတယ်။
ကြိုက်နှစ်သက်ရာ Channel ကို ဝင်ပြီးပါက “Subscribe” ကိုနှိပ်ပေးပါ
ဒီအချက်တွေကို လုပ်ပြီးပါက Telegram App ထဲကိုရောက်သွားမှာဖြစ်ပြီး “Join” ဆိုတာကို နှိပ်ပေးပါ။ ဒါဆိုရင်တော့ သင့်က Telegram Channel ထဲကို ရောက်သွားပါပြီ။
အကြောင်းအမျိုးမျိုးကြောင့် ဒီ Channel ထဲကပြန်ထွက်ချင်ပါက ညာဘက်အပေါ်ထောင့်မှာ ရှိတဲ့ အစက်သုံးစက်ကို နှိပ်ပြီး “Leave Channel” ဆိုတာကို နှိပ်ပေးပါ။
ဒီအချက်တွေကိုသိသွားပြီးဆိုရင်တော့ မိတ်ဆွေတို့ ကြိုက်နှစ်သက်ရာ Channel ဒါမှမဟုတ် ကိုယ်သိတဲ့ နာမည်နဲ့ Channel တွေကို ရှာပြီး Join ကာ အသုံးပြုနိုင်ပါပြီ။