06 Jun 2019
Business တစ်ခုကြီးမားလာစေဖို့ Social Media ကိုသုံးသင့်လား ဆိုရင်တော့... လက်ရှိအချိန်မှာ Popular အဖြစ်ဆုံး Marketing နယ်ပယ် တစ်ခုထဲမှာ Social Media ကလည်း ကဏ္ဍတစ်ခု အဖြစ်နဲ့ပါဝင်နေပါပြီ။ တစ်ချို့ Business တွေနဲ့ Organization Leader အချို့ ကသူတို့လုပ်ငန်းတွေ အတွက် Social Media က ဘယ်လောက် Effective ဖြစ်နိုင်မလဲ ဆိုတဲ့ မေးခွန်းကို အရမ်းသိချင်တတ်ကြပါတယ်။ ဒါကြောင့် Social Media Examiner က Social Media Usage နဲ့ Behavior Report တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Social Media Marketing ကြောင့်ရရှိခဲ့တဲ့ Traffic နဲ့ Exposure က ၅ နှစ်တိတိ ထိပ်ဆုံးမှာရာခိုင်နှုန်း အများဆုံးနဲ့ ရပ်တည်ခဲ့ပါတယ်။ 2018 ခုနှစ်သိသိသာသာ ရရှိခဲ့တဲ့ Exposure ရလဒ်ကတော့ 87% ကနေ 93% အထိမြင့်တက်ခဲ့ပြီး Traffic ရလဒ်က 78% ကနေ 87% ထိတိုးလာတာကို တွေ့ရပါတယ်။ နောက်ထပ် သိသိသာတိုးလာတဲ့ Generated Leads ရလဒ်တွေက 64% ကနေ 74% ထိမြင့်ခဲ့ပြီး၊ Improvement Sale ရလဒ်ကတော့ 72% ကနေ 53% အထိမြင့်တတ်ခဲ့ပါတယ်။
သာမန်အားဖြင့် Marketer တွေအများဆုံး အသုံးပြုတဲ့ Social Media Platform တွေကတော့ Facebook နဲ့ Instagram ဖြစ်ပါတယ်။ Instagram အသုံးပြုနှုန်းက 66% ကနေ 73% ထိတိုးလာပြီး၊ Twitter အသုံးပြုနှုန်းက 62% ကနေ 59% လျော့ကျသွားတာကို တွေ့ရပါတယ်။ Facebook ကတော့ B2C နဲ့ B2B Marketer တွေအတွက် အသုံးအများဆုံး Platform အဖြစ်တွေ့ရှိရပါတယ်။
Marketer တွေအသုံးအများဆုံး Video Channel တွေထဲမှာဆိုရင်တော့ YouTube ကတော့ ပထမနေရာ မှာ ရပ်တည်နေဆဲ Channel တစ်ခု အဖြစ်မြင်တွေ့ရအုံးမှာ ဖြစ်ပါ တယ်။ အံ့သြဖို့ ကောင်းတဲ့ တစ်ချက်ကတော့ Facebook's Native Videos တွေက ဒုတိယနေရာကို ရောက်လာတာပဲဖြစ်ပါတယ်။ နောက်ထပ်တွေ့ရှိရတဲ့ ရလဒ်တွေကတော့ B2C Marketer တွေက Instagram Stories နဲ့ Facebook Native Video တွေကို ပိုအသုံးများပြီး၊ B2B Marketer တွေကတော့ LinkedIn Native Video ကိုပိုသုံး အသုံးပြုတာ ကိုတွေ့ရပါတယ်။
Marketer တွေအများဆုံး သုံးတဲ့ Social Media Ads တွေထဲမှာလည်း Facebook Ads ကထိပ်ဆုံးကဦးဆောင်နေတာကို တွေ့ရပါတယ်။ Video Channel တွေလိုပဲ B2C Marketer တွေက Facebook နဲ့ Instagram Ads တွေကိုအသုံးများပြီး၊ B2B Marketer တွေကတော့ LinkedIn Ads ကိုအဓိကထားပြီး သုံးတာကိုတွေ့ရပါတယ်။
ဒီအချက်တွေကို ကြည့်ချင်အားဖြင့် စီးပွားရေးလုပ်ငန်းတွေကို Social Media ကို သုံးသင့်၊ မသုံးသင့်ကို ချင့်ချိန်သုံးသပ်နိုင်ပါတယ်။ အဓိက အချက်ကတော့ မိမိရဲ့ စီးပွားရေးလုပ်ငန်း သင့်တော်မယ့် Social Media ကိုရွေးချယ်နိုင်ဖို့ ပဲဖြစ်ပါတယ်။