logo
myanmar
Social Media လုပ်ငန်းတွေကို Analytic လုပ်နိုင်တဲ့ Tool များ

Social Media လုပ်ငန်းတွေကို Analytic လုပ်နိုင်တဲ့ Tool များ

10 Jul 2022

ယခုတစ်ခေါက် ဖော်ပြပေးမယ့် အကြောင်းအရာကလည်း Digital Marketing နယ်ပယ်ထဲမှာ ပါဝင်တဲ့ Social Media Marketing အတွက် အသုံးဝင်စေမဲ့ Social Media Analytics Tool (၃) ခုကိုဖော်ပြပြပေးသွားမှာ ဖြစ်ပါတယ်…


  1. Awario

ဒီ Awario ဆိုတဲ့ Tool လေးဟာဆိုရင်တော့ Social Media Monitoring ပြုလုပ်ရာမှာ တော်တော်
Powerful ဖြစ်တဲ့ Analytics Tool တစ်ခုလို ပြောလို့ရပါတယ်။ သင့်ရဲ့ Online Business ရဲ့ Statistics

တွေဖြစ်တဲ့ Reach တွေ Result တွေကို အဆင်ပြေပြေနဲ့ ကြည့်ရှု သုံးသပ်နိုင်မှာလည်း ဖြစ်ပါတယ်။ မိတ်ဆွေတို့ အနေနဲ့လည်း သင်တို့ရဲ့ Business လုပ်ငန်းတွေမှာ Analytics လုပ်ဖို့ အခက်အခဲရှိနေခဲ့မယ်ဆိုရင် ဒီ Tool ကို စမ်းသုံးကြည့်ဖို့ အကြံပြုရစေ။ ဒီ Tool ကိုစတင် အသုံးပြုမယ်ဆိုရင် တစ်လကို $29 နဲ့အသုံးပြုနိုင်ပါတယ်။ အခမဲ့ စမ်းသပ်အသုံးပြုချင်တယ်ဆိုရင် Trial ၁၄ ရက် အသုံးပြုနိုင်ပါတယ်။


  1. Snaplytics

ဒီ Tool ကတော့ Instagram နဲ့ Snapchat မှာကိုတင်ထားတဲ့ အကြောင်းအရာတွေကို အသေးစိတ် Provide လုပ်နိုင်မှာဖြစ်ပါတယ်။ Instagram နဲ့ Snapchat ရဲ့ Insight တွေကိုလည်း Overall ကြည့်ရှုနိုင်ပါသေးတယ်။ ဒီ Tool နဲ့ သင့် Social Media Result တွေကို Report ထုတ်မယ်ဆိုရင် CSV File အနေနဲ့ရရှိမှာလည်း ဖြစ်ပါတယ်။ အခမဲ့ စမ်းသပ်အသုံးပြုချင်တယ်ဆိုရင် Trial ၁၄ ရက် အသုံးပြုနိုင်ပါတယ်။


  1. Squarelovin

ဒီ Tool ဟာ ဆိုရင်လည်း Instagram အတွက် အထူးပြုလုပ်ထားတဲ့ Tool လို့ ပြောလို့ရပါတယ်။ ဒီ Tool
ရဲ့ လုပ်ဆောင်ချက်တော့ Instagram က သင့် Post ရဲ့ Like, Follower, Post Review နဲ့ Engagement
အစရှိတဲ့ Data တွေကို Tracking လုပ်နိုင်တာပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ Instagram မှာဘယ်အချိန်မှာ Post တင်သင့်တယ်၊ Hashtag နဲ့ တွဲသုံးသင့်တဲ့ Post အစရှိတဲ့ အချက်တွေကိုလည်း Highlightsပြုလုပ်ပေးသေးတယ်။
အခမဲ့ စမ်းသပ်အသုံးပြုချင်တယ်ဆိုရင် Account အသစ်တစ်ခုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။


အထက်ပါ Social Media Analytics Tool တွေက သင့်အတွက် အထောက်အကူဖြစ်စေမဲ့ Tool တွေဖြစ်တဲ့အတွက် သင့် Business လုပ်ငန်းတွေမှာ Analytics ပြုလုပ်ဖို့ အခက်အခဲရှိခဲ့တယ်ဆိုရင် ဒီ Tool တွေကိုစမ်းသပ် အသုံးပြုနိုင်ပါတယ်။

Recent posts