
ဒီတစ်ခါ Sharing လုပ်ပေးသွားချင်တဲ့ အကြောင်းအရာကတော့ 2022 မှာ အကောင်းဆုံး Android Game တွေပဲ ဖြစ်ပါတယ်။ PC Game တွေဆော့ဖို့ အချိန်မပေးနိုင်ဘူး Mobile Game လေးတွေပဲ ရှာဆော့မယ်ဆိုတဲ့ ဘော်ဒါတွေဆိုရင် ဒီ Android Game တွေကို စမ်းကြည့်သင့်ပါတယ်။
Among Us
2018 မှာ Launch လုပ်ပြီး 2020 မှာတော့ Gamer တွေပေါ်မှာ အကောင်းဆုံးလွှမ်းမိုးနိုင်ခဲ့တဲ့ Game တစ်ခု ဖြစ်ပါတယ်။ Crewmate နဲ့ Imposter ဆိုတဲ့ အဖွဲ့ ၂ ဖွဲ့ရှိပြီး Crewmate အဖြစ်ဆော့ရတဲ့ Player တွေက Imposter လိုက်ရှာရတဲ့ ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းက Public ကလူတွေနဲ့ ဆော့တာထပ် ကိုယ့်သူငယ်ချင်း အချင်းချင်းဆော့ရတာက ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီး ပျော်ဖို့လည်းကောင်းတဲ့ Game တစ်ခု ဖြစ်ပါတယ်။
Arena of Valor
ဒီ Game ဟာဆိုရင်လည်း လူကြိုက်အများဆုံး MOBA Game တစ်ခုထဲမှာပါဝင်ပါတယ်။ Real-time 5v5 ဆော့ရတာဖြစ်ပြီး Hero ပေါင်း ၁၀၀ ကျော်ပါဝင်တာဖြစ်တဲ့အတွက် MOBA Game အမျိုးအစားတွေကိုကြိုက်တဲ့ သူဆိုရင်တော့ ဒီ Game ကိုကြိုက်နှစ်သက်မှာ သေချာပါတယ်။
Crossy Road
ဒီဂိမ်းကတော့ Endless Runner Game အမျိုးအစားနဲ့ဆင်ပြီး ဆော့ရတာကောင်းတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီ Game ထဲမှာ ကြက်ကလေး လမ်းဖြတ်ကူးတာတွေ Voxel တွေကလည်း အရမ်းကို Colorful ဖြစ်တာတွေနဲ့ Game Play ကလည်း ပျော်စရာလေး ဖြစ်တာကြောင့် လူကြိုက်များတဲ့ ဂိမ်းတွေထဲမှာ ပါဝင်ပါတယ်။
ဖော်ပြခဲ့တဲ့ ဂိမ်းတွေကတော့ 2022 မှာအကောင်းဆုံး Android Game အချို့ဖြစ်ပါတယ်။ ဒီ Game တွေက ဘော်ဒါတို့အတွက် စိတ်ကျေနပ်စရာတွေ ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်။