11 Mar 2020
မိတ်ဆွေတို့ရဲ့ တွေးခေါ်မှုစွမ်းရည်တွေတိုးတက်လာဖို့ဆိုရင် တခါတလေမှာလေ့ကျင်ပေးဖို့ လိုအပ်ပါတယ်။ တွေးခေါ်မှုစွမ်းရည်ကို မြင့်တင်နိုင်ဖို့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အတွက် ကိုယ့်ရဲ့ ဉာဏ်ရည်ကို မြင့်တင်နိုင်မယ့် Puzzle Game တွေကိုဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီ Game တွေက ဉာဏ်ရည်တိုးတက်လာစေမယ့် ဉာဏ်စမ်းပုံစံတွေကို Step အဆင့်ဆင့်နဲ့ ဖန်တီးပေးထားပါတယ်။ ကဲဒီတော့ Game တွေကိုဖော်ပြပေးသွားပါမယ်…
Skillz
ဒီဂိမ်းက သင့်ရဲ့ သင်္ချာဉာဏ်စွမ်းကို မြင့်တင်ပေးနိုင်မယ့် Game တစ်ခုဖြစ်ပါတယ်။ ဒီတစ်ခုထဲတင် မဟုတ်ပဲ Step တွေမြင့်လာတာနဲ့ သင့်ရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းပါ ပိုပြီးတိုးတက်လာစေပါတယ်။ မိတ်ဆွေကို တွေးခေါ်ဖြေရှင်းနိုင်စွမ်း တိုးတက်လာစေရုံသာမက စိတ်ပျော်ရွှင်မှုကိုပါ ပေးနိုင်မယ့် Game တစ်ခုလည်း ဖြစ်ပါတယ်။
Lumosity
ဒီ Game ကတော့ Android Game တွေထဲမှာမှ Top-Listed Puzzle Game တစ်ခုဖြစ်ပါတယ်။ ပြဿနာတွေကို အဆင့်ဆင့် ဖြေရှင်းရမယ့် Game တစ်မျိုးဖြစ်ပြီး Speed နဲ့ Strategy ကို ကောင်းကောင်း အသုံးချနိုင်မှာ့ နောက်ထပ်အဆင့်တွေကို တက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Vocabulary လည်းပိုပြီးကောင်းလှစေနိုင်တဲ့ ဉာဏ်စမ်း Step တွေလည်းပါဝင်ပါတယ်။
Peak
ဒီ Game ကလည်းနောက်ထပ် ဉာဏ်ရည်မြင့်တင်ဖို့အတွက် ကစားကြည့်သင့်တဲ့ Game တစ်ခုထဲမှာ ပါဝင်ပါတယ်။ တခါတလေ Brain Stroming လုပ်ဖို့ ခက်ခဲနေရင်ဒီ Game ကိုကစားပေးခြင်းက သင့်ကို အထောက်အကူပြုပေးပါလိမ့်မယ်။ Game ထဲမှာ Mini Puzzle Game ပေါင်း ၄၀ ကျော်ပါဝင်တဲ့ အတွက် စိတ်ကြိုက်ရွေးချယ် ကစားနိုင်ပါသေးတယ်။
Cognifit
ဒီ Game ကတော့ ဉာဏ်ရည်မြင့်တင်ပေးလာမယ့် Game ကောင်းတစ်ခုဖြစ်ပါတယ်။ ဒီ Game ထဲမှာတော့ အခက်အခဲကျော်ဖြတ်ရမယ့် Step တွေ၊ Planning Skill ပိုင်မှ ကျော်ဖြတ်နိုင်မယ့် Step တွေကို ကစားရမှာ ဖြစ်ပါတယ်။ ဒီ Game မှာပါတဲ့ Step တွေက ကလေးငယ်တွေအတွက် ခက်ခဲပေမယ့် လူကြီး၊ လူငယ်တွေ အတွက် တော်တော်ကို Brain Improvement ဖြစ်စေတဲ့ ဂိမ်းတစ်မျိုး ဖြစ်ပါတယ်။
မိတ်ဆွေတို့ အတွက်ကစားရတာ အကောင်းဆုံး ဖြစ်တယ်ဆိုတဲ့ Brain Game တွေရှိခဲ့ရင်လည်း ပြန်လည်ဝေမျှခဲ့ပါအုံး။