31 Mar 2025
နည်းပညာတွေနဲ့ ဒွန်တွဲနေထိုင်နေကြတဲ့ခေတ်မှာ လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလဲ နည်းပညာအကူညီမသုံးရင် အောင်မြင်သင့်သလောက် မအောင်မြင်ပဲဖြစ်သွားပါလိမ့်မယ်။ ဒီလိုတိုးတက်လာတဲ့ နည်းပညာမျိုးစုံထဲမှာမှ Ai Chatbot ကိုအသုံးပြုမယ်ဆိုရင် ဘယ်ဟာက သုံးရတာကောင်းမလဲဆိုတာကို Sharing လုပ်ပေးသွားချင်ပါတယ်…
ChatGPT
ဒီ Ai Chatbot ကတော့ လက်ရှိကာလတွေမှာအကောင်းဆုံး Ai Chatbot တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ထဲမှာ ပါဝင်ပါတယ်။ Writing ပိုင်းကို အကောင်းဆုံး ပံ့ပိုးလုပ်ဆောင်ပေးနိုင်ပြီး email, essay, resumes အစရှိတာတွေကို အကောင်းဆုံးရေးပေးနိုင်တဲ့ Feature တွေပါဝင်ပါတယ်။ Writing ပိုင်းသာမက တခြားကိုယ်မသိတဲ့ အကြောင်းအရာတွေကို မေးမလား၊ ကိုယ်လိုချင်တဲ့ ပုံတွေဆွဲခိုင်းမလား အစရှိတဲ့ လုပ်ဆောင်ချက်တွေကိုလဲ လုပ်ပေးနိုင်ပါသေးတယ်။
Microsoft Copilot
ဒီ Ai Chatbot ဟာဆိုရင်လဲ ဒီနောက်ပိုင်းမှာ ChatGPT လိုပဲ လူသုံးများလာတဲ့ Ai Chatbot တစ်ခုထဲမှာ ပါဝင်ပါတယ်။ ကိုယ်မသိတဲ့ အကြောင်းအရာတွေကို မေးမလား၊ ရှာမလား အစရှိတဲ့ လုပ်ဆောင်ချက်တွေကို ကောင်းကောင်းကြီးလုပ်ဆောင်နိုင်ပါတယ်။ စာတွေ၊ အသံတွေ၊ ပုံနဲ့ ဗီဒီယိုတွေကိုပါ ထည့်ပြီးမေးမြန်းနိုင်သလို…ကိုယ်လိုချင်တဲ့ အပိုင်းတွေကိုလဲ ပြန်ပြီးထုတ်ပေးနိုင်တဲ့ Feature တွေပါဝင်ပါတယ်။
Anthrophic's Claude
ဒီ Ai Chatbot ကလဲ လူသုံးများတဲ့ Ai Chatbot တစ်ခုထဲမှာ ပါဝင်ပါတယ်။ ဒီ Ai Chatbot ကတခြားဟာတွေနဲ့ မတူတဲ့အချက်က လူငယ်တွေ ပညာရေးနဲ့ပတ်သတ်တဲ့ အကြောင်းအရာ ကဏ္ဍစုံစုံလင်လင်ကို ဒီထဲမှာ မေးနိုင်၊ အကြံတောင်းနိုင်တာပဲ ဖြစ်ပါတယ်။ သင်္ချာနဲ့ပတ်သတ်တာတွေ၊ သုတေသနဆိုင်ရာတွေ၊ Coding နဲ့ပတ်သတ်တာတွေ အစရှိတဲ့ အကြောင်းအရာတွေကို ဒီထဲမှာ မေးမြန်းလေ့လာနိုင်တဲ့ Ai Chatbot တစ်ခုလဲဖြစ်ပါတယ်။ ခေတ်လူငယ်တော်တော်များများ အသုံးပြုကြတဲ့ Ai Chatbot တစ်ခုလို့လဲ ပြောလို့ရပါတယ်။
Ai Chatbot တွေကို သုံးမယ်ဆိုရင် ကိုယ်သုံးချင်တဲ့ အကြောင်းအရာအပေါ် အခြေခံပြီး သုံးရင် ကိုယ့်အတွက် ပိုထိရောက်ပါလိမ့်မယ်။ အခု Sharing လုပ်ပေးသွားတဲ့ Ai Chatbot တွေမှာ သူတို့ရဲ့ အားသာချက်တွေရှိတဲ့အတွက် ကိုယ်နဲ့ကိုက်ညီမဲ့ Ai Chatbot အသုံးပြုကြည့်ဖို့ အကြံပြုလိုက်ပါတယ်။