logo
myanmar
CV Form အတွက်အဆင်ပြေသွားစေမယ့် App အချို့

CV Form အတွက်အဆင်ပြေသွားစေမယ့် App အချို့

20 Aug 2020

ကိုယ့်ရဲ့ CV Form ကိုအလုပ်ရှင်များမြင်လိုတဲ့အချက်အလက်တွေပြည့်စုံအောင်ပါဝင်သော Professional ဆန်တဲ့ CV မျိုးဖြစ်အောင်ဖန်တီးဖို့အတွက် ဒီ CV Application တွေကအထောက်အကူဖြစ်မှာပါ။ ခေတ်နဲ့အညီ လှပပြီးဆန်းသစ်တဲ့အမိုက်စား Template တွေပါနေမှတော့ မိမိအလုပ်ရဖို့ အခွင့်အလမ်းများစေတဲ့ ဒီလို Free App တွေကိုမသုံးချင်တဲ့သူရှိသေးရဲ့လား??


1.Curriculum Vitae

ဒီ Application ကတော့လွယ်ကူရိုးရှင်းပြီးသုံးရလွယ်တဲ့ app တစ်ခုပါ။သူ့မှာပါတဲ့ရိုးရှင်းတဲ့ Menu ကအမိုက်စားCV တစ်ခုကိုမိနစ်ပိုင်းအတွင်းရဖို့ကူညီပါလိမ့်မယ်။ မတူညီကွဲပြားတဲ့အကြောင်းအရာတွေပါဝင်တဲ့ CV တစ်ခုရဖို့ Personal Details, Profile, Work Experience, Education, Languages, and Hobbies စတဲ့အကြောင်းအရာတွေထည့်သွင်းပေးထားပါတယ်။ မိမိရဲ့ CV form ကို Pdf file အနေနဲ့ Save လုပ်လို့ရမှာဖြစ်ပါတယ်။ Free Android Application ဖြစ်ပါတယ်။


2.My CV

My CV ကတော့သင့်ရဲ့ CV Formဖန်တီးဖို့အတွက် Pdf templates တွေအများအပြားရွေးချယ်စရာရှိတဲ့ app တစ်ခုပါ။သင့်ရဲ့အချက်အလက်တွေကိုရေးသားပြီးပြီဆိုရင် Dropbox Account နဲ့လည်း Sync လုပ်ပြီး Print ထုတ်ပြီးအသုံးပြုလို့ရပါတယ် ။ ဒီ App ရဲ့ထူးခြားတဲ့အချက်ကတော့ Portfolio Web Page နဲ့ Personal Web Address တွေကို Read Made လုပ်ပြီးရနိုင်တာကြောင့် အလုပ်ရှင်တွေကမိမိ ကိုလေ့လာကြည့်လို့ရပါတယ်။ ဒီ My Cv App ကတော့ ios အတွက်ဖြစ်ပြီး App Store မှာ Free Download ရယူနိုင်ပါတယ်။


3.My CV Maker

ဒီ app လေးကတော့ ရေးပီးသား CV တွေကိုအချိန်မရွေးပြန် ပြီး Edit And Modify လုပ်နိုင်ပါတယ်။ ဒီ App သုံးမယ်ဆို ရင်တော့ မိမိရဲ့ CV အတွက်လိုအပ်တဲ့ Information တွေကိုပေးထားတဲ့ Blank Space မှာဖြည့်ပီး Pdf အနေနဲ့ Save လုပ်လို့ရပါတယ်။ မိမိရဲ့ဖုန်းထဲမှာရှိတဲ့ ပုံတွေကိုလဲ Transfer လုပ်ပြီးသုံးလို့ရပါတယ်။ မိမိရဲ့
Project အတွက်အသုံးပြုခြင်ရင်လဲ အခြား Tools တွေစုံလင်စွာပါတာမို့ အတော်ကိုပြည့်စုံတဲ့ App ပါပဲ။ Android အတွက်ဖြစ်ပြီး Free Download ရယူနိုင်ပါတယ် ။


4.CV Generator

တကယ်လို့သင်ဟာ CV တစ်ခုအမြန်လိုအပ်နေတယ်ဆိုရင်တော့ ဒီ App လေးဟာအသင့်တော်ဆုံးပါပဲ။ မိမိရဲ့ Facebook နဲ့ LinkedIn မှာရှိတဲ့ Information တွေကို Import လုပ်ပြီးအလိုအလျောက်အဓိကကျတဲ့ အချက်တွေကိုဖြည့်ပေးမှာဖြစ်ပါတယ်။ သူ့မှာပါတဲ့အခြား tools တွေကလဲ မိမိလုပ်ပြီးသား CV တွေကို သူ့နာမည်နဲ့သူမှတ်ပြီးသိမ်းဆည်းလို့ရမှာဖြစ်ပါတယ်။ Ios Application ဖြစ်ပါတယ်။သူကတော့ £0.99 နဲ့ Apple storeကနေတစ်ဆင့်ဝယ်ယူရမှာဖြစ်ပါတယ်။


ဒီ App တွေကို အသုံးပြုပြီး ပြီးပြည့်စုံတဲ့ CV Form တွေကို ရေးသား ဖန်တီးနိုင်မယ့်လို့ မျှော်လင့်ပါတယ်။


Recent posts