
နည်းပညာတွေ တိုးတက်လာတာနဲ့ Smart Phone တွေပေါ်မှာ အချိန်ကုန်ဆုံးတာတွေ များလာတာကိုတွေ့ရပါတယ်။ မိဘတွေအနေနဲ့လည်း အလုပ်တွေမအားတဲ့အချိန်တွေဆိုရင် သားသားမီးမီးတွေကို ဖုန်းတွေပေးပြီး အလုပ်ရှုပ်သက်သာအောင် ထားတတ်လာကြပါတယ်။ ဒီလိုပေးထားတဲ့အခါမှာ သင့်ကလေးလေးတွေက ဖုန်းမကိုင်ရရင် မပျော်တော့တာတွေ အစရှိတဲ့ ပြဿနာလေးတွေ ဖြစ်လာတတ်ပါတယ်။
ဒီလိုကလေးတွေကို ဖုန်းတွေပေးသုံးတဲ့နေရာမှာလည်း အသုံးဝင်အောင် အချိန်အကန့်အသတ်လေးတွေထားပြီး ပေးသုံးဖို့လိုအပ်ပါတယ်။ ဖုန်းထဲမှာ ဂိမ်းတွေဆော့နေမယ့်အစား ပညာရေးနဲ့ပတ်သတ်ပြီးလေ့လာမှုမျိုးတွေ လုပ်နေမယ်ဆိုရင် သားသားမီးမီးတွေအတွက် အလွန်အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်ခေါက်မှာတော့ ကလေးတွေအတွက် အကောင်းဆုံးဖြစ်စေမယ့် Educational Website ၂ ခုကို ဖော်ပြပေးသွားပါမယ်…
ဒီ Website ကတော့ အသက် ၂ နှစ်မှ ၇ နှစ်အရွယ် ကလေးတွေအတွက် အကောင်းဆုံးဖြစ်စေမယ့် Comprehensive Learning Site တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Site ထဲမှာကလေးတွေ အတွက် ဖတ်စရာ သင်ခန်းစာတွေ နားထောင်စရာ သင်ခန်းစာတွေနဲ့ အခြားသင်ခန်းစာတွေလည်း အမြောက်အများ ပါဝင်ပါတယ်။
ဒီ Site ကတော့ Virtual Academy တစ်ခုဖြစ်ပါတယ်။ အသက် ၈ နှစ်မှ ၁၃ နှစ်အရွယ်ကလေးတွေအတွက် လေ့လာစရာတွေ၊ စူးစမ်းရှာဖွေစရာတွေ များစွာပါဝင်တဲ့ Site တစ်ခုဖြစ်ပါတယ်။ Social studies, Language Arts, Math and Science အစရှိတဲ့ သင်ခန်းစာတွေလည်း ဒီ Site ထဲမှာ ပါဝင်ပါသေးတယ်။
ဒီဖော်ပြပေးခဲ့တဲ့ Website၂ ခုကတော့ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသားမီးမီးကို အင်တာနက်ရှိနေရုံနဲ့ လေ့လာမှုတွေ အသိပညာတွေ ရရှိစေနိုင်တဲ့ Educational Website ၂ ခုပဲ ဖြစ်ပါတယ်။