ဒီတစ်ခေါက်မှာတော့ Android Device တွေမှာ စိတ်ပြေလက်ပျောက်ဆော့နိုင်မယ့် အကောင်းဆုံး Endless Runner Game (၃) ခုကို မိတ်ဆွေတို့အတွက် ဝေမျှလိုက်ပါမယ်။ ဂိမ်းအကြီးတွေ မဟုတ်ပေမယ့် မိတ်ဆွေတို့ အတွက် အပျင်းပြေစေပြီး Google Play Store မှာအလွယ်တကူ Download ရယူပြီး ဆော့နိုင်ပါတယ်။ ဒီဂိမ်းတွေကတော့…

 

Alto’s Adventure

ဒီဂိမ်းကတော့ နှင်းလျှောစီးတဲ့ Endless Game အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ 2D Side-Scrolling Runner Game အပေါ်မူတည်ပြီး Develop လုပ်ထားပြီး တောင်တန်းတွေ၊ တံတားတွေနဲ့ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ဆော့ကစားသွားရမှာ ဖြစ်ပါတယ်။ အခြားသူတွေနဲ့လည်း အမှတ်အနည်းအများအပေါ် မူတည်ပြီး ပြိုင်ဆိုင်ကစားနိုင်ပါသေးတယ်။ 

 

Bendy in Nightmare Run

ဒီဂိမ်းကတော့ Temple Run နဲ့ Subway Sufer ဆော့ဖူးတိုင်း သူတွေအတွက် အဆင်ပြေပြေ ဆော့ကစားနိုင်မယ့် Endless Game ဂိမ်းတစ်ခု ဖြစ်ပါတယ်။ လမ်းမှာရှိတဲ့ အတားအဆီးတွေကို ကျော်ဖြတ်ရင်း အမှတ်တွေများလာအောင်ဆော့ပြီး Character တွေကို Level တင်ပြီး ကစားသွားရမှာ ဖြစ်ပါတယ်။

 

Into the Dead 2

Endless Game လည်းကြိုက်တယ် Zombie Scene လည်းလိုချင်တယ်ဆိုရင်တော့ ဒီဂိမ်းကို ရွေးချယ်သင့်ပါတယ်။ ဘာကြောင့်လည်းဆိုရင်တော့ ဒီဂိမ်းက Zombie တွေနဲ့မထိအောင် ပြေးရမှာမှာဖြစ်ပြီး ပြန်လည်တိုက်ခိုက်နိုင်ဖို့ Weapon တွေလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Chapter နဲ့ Stage တွေလည်း တော်တော်များများ ပါဝင်ပါသေးတယ်။ 

 

ဖော်ပြခဲ့တဲ့ ဂိမ်းတွေကတော့ Android Device တွေမှာ ဆော့ရကောင်းတဲ့ Endless Runner Game တွေပဲ ဖြစ်ပါတယ်။ အမိုက်စား Character တွေ၊ အခန်းသစ်တွေကတော့ ကိုယ်တိုင်ကစားပြီး Unlock လုပ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ 

 

Leave a Reply

social sharing buttons