Project မှာသုံးဖို့ Font တွေက စိတ်တိုင်းမကျနေတာတို့၊ Font ကောင်းကောင်းမတွေ့လို့ စိတ်ညစ်နေတာတို့၊ Graphic တွေမှာသုံးမယ့် Font ပြဿနာတွေတို့ အစရှိတဲ့ Font တွေနဲ့ ပတ်သတ်ပြီး စိတ်တိုင်းမကျမှုတွေဖြစ်နေတယ်ဆိုရင် အခု Sharing လုပ်ပေးသွားမှာကို ဖတ်သွားသင့်ပါတယ်။ 

 

ဒီတစ်ခါမှာတော့ အကောင်းဆုံး Free Font Websites တွေကို Sharing လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်…

 

Google Fonts

ဒီ Website မှာတော့ အကြီးဆုံး Web-ready Font တွေကို စုစည်းပေးထားတဲ့ Website လို့ပြောနိုင်ပါတယ်။ Font Families ပေါင်း ၁၃၀၀ ကျော်ရှိပြီး  Category, Language နဲ့ Popularity အလိုက် ရှာဖွေပြီး အသုံးပြုနိုင်ပါတယ်။ Font တွေကို မိမိရဲ့ Computer ထဲကို Download လုပ်နိုင်သလို မိမိတို့ Website ထဲကိုလည်း Embed လုပ်နိုင်ပါသေးတယ်။

 

Fonts.com + SkyFonts

ဒီ Site ကလည်း များစွာသော Font တွေကို အသုံးပြုနိုင်တဲ့ Site တစ်ခုဖြစ်ပါတယ်။ SkyFonts ကတော့ Desktop Application တစ်ခုဖြစ်ပြီး Font တွေကို Download လုပ်တာတွေ Manage လုပ်တာတွေကို ပြုလုပ်နိုင်ပါတယ်။

 

FontBundles Free Fonts Collection

ဒီ Site ကတော့ Designer တွေအတွက် ပိုပြီးသုံးရတာ အဆင်ပြေစေမယ့် Site ဖြစ်ပါတယ်။ Font Category စီထားတဲ့ ပုံစံက Design ပုံစံတွေနဲ့ တွဲပြီး စီထားပေးတာ ဖြစ်တဲ့အတွက် ကိုယ်သုံးမယ့် Font က ဘလို Design မျိုးနဲ့ အဆင်ပြေနိုင်မလဲဆိုတာကို တစ်ခါထဲ သုံးသပ်နိုင်လို့ရတာ ဖြစ်တဲ့အတွက် ပိုပြီး အချိန်ကုန်သက်သာစေပါတယ်။

 

Behance

ဒီ Site ကတော့ ကမ္ဘာ့အတော်ဆုံး Designer တွေရဲ့ Creative Work တွေကို Showcase လုပ်ထားတဲ့ Site ပဲဖြစ်ပါတယ်။ Font တော်တော်များများ ရှိပြီး အသုံးပြုတာကောင်းတဲ့ Site တစ်ခုလည်း ဖြစ်ပါတယ်။

 

Dribbble

ဒီ Site ကလည်း Behance နဲ့နည်းနည်းတူတဲ့ Site တစ်ခုဖြစ်ပါတယ်။ ဒီ Site ကိုတော့ UI Designer တော်တော်များ သဘောတွေကြတာကိုလည်း တွေ့ရပါတယ်။ များစွာသော Modern, Script, Serif Font တွေကို ဒီ Site ထဲမှာ အသုံးပြုနိုင်ပါတယ်။

 

Dafont

ဒီ Site ကတော့ ဟောင်းပေမယ့် ကောင်းနေဆဲလို့ ပြောလို့ရတဲ့ အကောင်းဆုံး Font Source ရှိတဲ့ Site ကြီးတစ်ခုဖြစ်ပါတယ်။ Font ပေါင်း ၆၀၀၀၀ ကျော်ကို Filter လုပ်ပေးထားတဲ့ Site ဖြစ်တဲ့အတွက် အလွန်ကို အသုံးပြုရတာ ကောင်းမွန်တဲ့ Site တစ်ခုဖြစ်ပါတယ်။ Font တွေနဲ့ လုပ်ကိုင်နေရတဲ့သူတော်တော်များများကတော့ ဒီ Site ထဲမှာပဲ Font တွေကို ရှာဖွေပြီး အသုံးပြုကြပါတယ်။

Urbanfonts

ဒီ Site ကတော့ Dafont လို Site မျိုးကို သစ်လွင်တဲ့ ပုံစံမျိုးနဲ့ တွေ့နေရသလိုပါပဲ။ Font ရှာဖွေတဲ့နေရာမှာ ရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူ ရှာဖွေနိုင်တဲ့ Site တစ်ခုလည်း ဖြစ်ပါတယ်။

Fontspace

ဒီ Site ကလည်း Font ပေါင်း ၇၅၀၀၀ ကျော်ရှိတဲ့ Site ကြီးတစ်ခု ဖြစ်ပါတယ်။ Font တွေကို Preview လုပ်တဲ့နေရာမှာ Edit ပြုလုပ်နိုင်ပြီး Font လာရှာတဲ့သူတော်တော်များ သုံးကြတဲ့ Site ကြီးတစ်ခုလည်း ဖြစ်ပါတယ်။

 

Font Squirrel

ဒီ Site ထဲမှာလည်း Font ပေါင်းများစွာကို အသုံးပြုနိုင်ပါတယ်။ Font အမျိုးအစားတွေ၊ Category တွေနဲ့ သေချာထားပေးထားတဲ့အတွက် စိတ်ကြိုက်ရှာဖွေပြီး အသုံးပြုနိုင်တဲ့ Site တစ်ခုဖြစ်ပါတယ်။

 

အခု Sharing လုပ်ပေးသွားတဲ့ Website တွေကတော့ အကောင်းဆုံး Free Font Websites တွေပဲ ဖြစ်ပါတယ်။ ဒီ Website တွေထဲမှာမှ မိတ်ဆွေတို့အတွက် အကောင်းဆုံး ဖြစ်တဲ့ Website တွေရှိရင်လည်း ပြန်လည် ဝေမျှပေးနိုင်ပါတယ်။ 

Leave a Reply

social sharing buttons