logo
myanmar
Icon Create လုပ်ဖို့အကောင်းဆုံး App များ

Icon Create လုပ်ဖို့အကောင်းဆုံး App များ

03 Jul 2022

ကဲဒီတစ်ခေါက်မှာတော့ ကိုယ့်ရဲ့ ဖုန်းမှာ App Icon တွေကို ကိုယ့်စိတ်တိုင်းကျ Icon တွေအဖြစ် ဖန်တီးနိုင်မယ့် App တွေကို ဝေမျှပေးသွားပါမယ်။ Icon တွေတင်မဟုတ်ပဲ Launcher Pack တွေလည်းပါဝင်သေးပါတယ်။ ဒါပေမဲ့ အခုဖော်ပြပေးမယ့် App တွေက Android OS တွေပဲ ဖြစ်ပါတယ်။ Appကိုယ့်ရဲ့ဖုန်းမှာ သူများနဲ့ မတူတဲ့ Icon တွေ ဒီဇိုင်းတွေ ဖန်တီးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမှာကို စမ်းကြည့်သင့်တယ်နော်…


Simple Text

သင်ဟာ Text တွေကိုနှစ်သက်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီ App ကိုစမ်းကြည့်သင့်ပါတယ်။ Smart ကျတဲ့ Text Icon တွေအဖြစ်ထားနိုင်မှာဖြစ်ပြီး Support ပေးတဲ့အရာတွေကတော့ Widget, RGB Color Picker, Alpha transparency, Background နဲ့ Foreground Color တွေကို စိတ်ကြိုက်ကစားနိုင်ပါ တယ်။


Icon Pack Studio

ဒီ
App က သင့်ဖုန်းမှာ ရှိတဲ့ Icon တွေကို ပြောင်းလဲဖန်တီးနိုင်မယ့် App တစ်ခုဖြစ်ပါတယ်။ Feature မျိုးစုံနဲ့ စိတ်ကြိုက်ပြုလုပ်မှာ ဖြစ်တဲ့အတွက် မိတ်ဆွေရဲ့ Idea နဲ့ ကိုယ်လိုချင်တဲ့ ပုံစံရအောင်လည်း ဖန်တီးနိုင်ပါသေးတယ်။ Resize, Move ကို လိုသလိုပြုလုပ်နိုင်ပြီး Light, Shadow, Texture အစရှိတဲ့ Special Effect တွေလည်း ပါဝင်ပါသေးတယ်။


Iconic: Icon Maker

Icon Design ပေါင်း ၅ ထောင်ကျော်ပါဝင်ပြီး Custom Font Support ပေးတဲ့ Icon Making App တစ်ခုဖြစ်ပါတယ်။ Icon တင်မဟုတ်ပဲ Website တွေမှာ အသုံးပြုဖို့အတွက် Favicon တွေကိုပါ ဖန်တီးနိုင်ပါသေးတယ်။ ပါဝင်တဲ့ Design တွေကလည်း အမိုက်စား Design တွေဖြစ်တဲ့အတွက် User တွေရဲ့ ကြိုက်နှစ်သက်မှုတဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။


ဒီ App တွေစမ်းသပ်အသုံးပြီး Icon အမိုက်စားတွေကို ဖန်တီးနိုင်မယ့်လို့ မျှော်လင့်ပါတယ်။ ဒီ App တွေကို အသုံးပြုပြီး ဖန်တီးထားတဲ့ Icon တွေရှိရင်လည်း ပြန်လည်ဖော်ပြခဲ့နိုင်ပါတယ်။


Recent posts