22 Feb 2021
ကိုယ့်ရဲ့လုံခြုံရေးနဲ့ မိသားစုလုံခြုံရေးအတွက် ခေတ်မီနေတဲ့ခေတ်ကြီးထဲမှာ လုံခြုံစိတ်ချရအောင် ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါတယ်။ ဒါကြောင့် ကိုယ့်သူငယ်ချင်းတွေ၊ မိသားစုတွေ ဘယ်ရောက်နေလဲ? ဘာတွေလုပ်နေလဲ? ဆိုတာတွေကို သိနိုင်မယ့် Family Locator App ကောင်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်…
Life360
ဒီ App ကတော့ Android Device တွေအတွက် အကောင်းဆုံး Locator App တစ်ခုဖြစ်ပါတယ်။ ဒီ App ကို Google Play Store နဲ့ App Store တို့မှာ Download ပြုလုပ်နိုင်ပြီး သင်နဲ့ချိတ်ဆက်ထားတဲ့ သင့်ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ ဘယ်နေရာမှာ ဘာလုပ်နေလဲ အစရှိတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုသုံးရမှာလဲ ဆိုရင်တော့ GPS Tracker သုံးနိုင်ဖို့ Private Group တစ်ခုလုပ်ပြီး သင် Connect လုပ်ချင်တဲ့သူတွေကို ထည့်ထားရုံနဲ့ သူတို့ရဲ့ Location ကို Real-time အတိုင်းသိနိုင်ပြီး Battery Percentage ကိုပါမြင်ရတယ့် App တစ်ခုဖြစ်တဲ့ အတွက် ကိုယ့်ချစ်ရတဲ့သူတွေ အတွက် စိတ်ချရအောင် ကြိုတင်ပြင်ဆင်ထားနိုင်တဲ့ App တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ Communicate လုပ်နိုင်မယ့် Chat Feature လည်းပါဝင်ပါသေးတယ်။
Find My Friends
Find My Friends ဆိုတဲ့ Locator App က အကောင်းဆုံး Locator Sharing App တစ်ခုဖြစ်ပြီး Top-rate ကောင်းကောင်း ရရှိထားတဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ App ကိုတော့ Google Play Store မှာ Download လုပ်နိုင်မှာဖြစ်ပါတယ်။ Location ကို Real-time ကြည့်နိုင်ရုံတင်မဟုတ်ပဲ Location ကိုကိုယ့် သူငယ်ချင်းတွေ၊ မိသားစုတွေဆီကို Location Sharing လုပ်ပေးနိုင်ပြီး Chat Feature ပါထည့်ထားတဲ့ အတွက် Communication အတွက်ပါ အဆင်ပြေစေတဲ့ App တစ်ခုဖြစ်ပါတယ်။
Sygic Family Locator
သင်ဟာ ပြီးပြည့်စုံတဲ့ Family Locator App တစ်ခုကိုရှာနေတယ်ဆိုရင် ဒီ Sygic Family Locator က ရွေးချယ်စရာ App ထဲမှာပါဝင်ပါတယ်။ ဒီ App ထဲမှာဆိုရင်တော့ အခြား Locator App တွေမှာ မပါတဲ့ Feature မြောက်များစွာ ပါဝင်ပါတယ်။ Sygic Family Locator ရဲ့ အကောင်းဆုံး Feature တစ်ခုကတော့ SOS Feature ကို Provide ပေးထားတဲ့ အချက်ပဲဖြစ်ပါတယ်။ Google Play Store နဲ့ App Store တို့မှာ Download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။
ZoeMob Family Locator
ZoeMob Family Locator ကတော့ အသုံးပြုရတာ အဆင်ပြေပြီး ကိုယ့်မိသားစု နဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ Location တွေကို ကောင်းကောင်း သိနိုင်စေမယ့် App တစ်ခုဖြစ်ပါတယ်။ ဒီ App ထဲမှာပါဝင်တဲ့ Chat Feature ဟာဆိုရင်လည်း Cost သက်သက်သာသာနဲ့ Chat နိုင်မှာဖြစ်တဲ့ အတွက် Family Locator တစ်ခုအပြင် Communicate ပါလုပ်နိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ Google Play Store မှာ Free Download လုပ်ပြီး အသုံးပြုနိုင်ပါတယ်။
Glympse
ရိုးရှင်းလွယ်ကူတဲ့ Family Locator ကိုမှ သုံးချင်တယ်ဆိုတဲ့ သူတွေအတွက် အသင့်တော်ဆုံး App တစ်ခုကတော့ Glympse ပဲဖြစ်ပါတယ်။ ဒီ App ရဲ့ UI (User Interface) က User တစ်ယောက်လွယ်လွယ် ကူကူ အသုံးပြုနိုင်အောင် Develop လုပ်ထားပြီး ထူးခြားချက်ကတော့ Location Sharing လုပ်နိုင်ရုံသာမက Event ပါ Create လုပ်နိုင်တဲ့ အတွက် မိသားစု၊ သူငယ်ချင်းတွေ အတွက် Gathering လုပ်ရင် အဆင်ပြေစေပါတယ်။ Glympse ဟာ 2019 Best Family Locator App စာရင်းလည်း ဝင်ထားတယ် App တစ်ခုလည်း ဖြစ်ပါတယ်။
ဒီ Family Locator App တွေက ကိုယ့်မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကို ကောင်းကောင်း Track လုပ်မယ့် App တွေဖြစ်ပါတယ်။ ဒီလို Track လုပ်ထားခြင်းက လူကြီးပိုင်းသာမက ကလေးတွေအတွက် လုံခြုံမှုကို ကာကွယ်ပေးနိုင်ပါတယ်။ အခုခေတ် Smartphone တိုင်းလိုလိုမှာ GPS Feature တွေ ပါဝင်လာကြတဲ့ အတွက် ဖော်ပြခဲ့တဲ့ Family Locator App တွေကို အသုံးပြုနိုင်ပါပြီ။