ဒီတစ်ခေါက်မှာတော့ iOS User တွေအနေနဲ့ Music တွေကို ကိုယ့်ရဲ့ ဖုန်းထဲမှာထည့်ပြီး နားထောင်ချင်တယ် ဆိုတဲ့သူတွေအတွက် အသုံးဝင်စေမယ့် Music Streaming App (၃) ခုကိုဖော်ပြသွားပါမယ်…

 

Spotify

Spotify ကတော့ နာမည်ကြီး Music Streaming App တစ်ခုဖြစ်ပါတယ်။ User တွေအတွက် အသုံးပြုရ လွယ်ကူစေတဲ့ UI ရှိပြီး Spotify Singles, Podcasts နဲ့ အခြား Exclusive Content တွေကို နားဆင်အသုံးပြုလို့ ရပါတယ်။ Free Version မှာတော့ ကန့်သတ်ချက်တွေပါဝင်ပါတယ်။

 

Pandora

Pandora ကလည်း App Store မှာ Download ပြုလုပ်မှု အများဆုံးမှာပါဝင်တဲ့ Music Streaming App တစ်ခုဖြစ်ပါတယ်။ Song, Artist နဲ့ Genre တွေကို Personalized အသုံးပြုနိုင်ပြီး Library ထဲမှာပါဝင်တဲ့ Music 30 Million နဲ့ Podcasts တွေကို အလွယ်တကူရှာဖွေနားဆင်နိုင်ပါတယ်။ Free Version မှာတော့ Live Content တွေကို အသုံးမပြုနိုင်ခြင်းနဲ့ ကန့်သတ်ချက်တွေ ပါဝင်ပါတယ်။

 

iHeartRadio

iHeartRadio ကလည်း နာမည်အတိုင်း Radio လိုင်းတွေကို နိုင်ငံအလိုက် နားဆင်နိုင်တဲ့ နာမည်ကြီး App တစ်ခုဖြစ်ပါတယ်။ သင်က Traditional Radio တွေကို နားဆင်ရတာ သဘောကျသူဆိုရင် ဒီ App က သုံးကြည့်သင့်တဲ့ App တစ်ခုလို့ ပြောနိုင်ပါတယ်။ Live Radio Channel, Music, News, Sports, Talk, နဲ့ Comedy တွေအားလုံး ဒီ App ထဲမှာပါဝင်နေတာဖြစ်တဲ့အတွက် ကိုယ်ကြိုက်နှစ်သက်ရာ အပိုင်းရွေးချယ် နားဆင်နိုင်ပါတယ်။ Free Version မှာတော့ Music Library နဲ့ အခြား Feature တွေမှာ ကန့်သတ်ချက်တွေ ရှိပါတယ်။

 

ဒီ Music Streaming App (၃) ခုကတော့ သီးသန့် ဝယ်စရာမလိုပဲ အသုံးပြုနိုင်တဲ့ အကောင်းဆုံး Apps (၃) ခုဖြစ်ပါတယ်။ Paid Version အနေနဲ့ ဝယ်ပြီးသုံးနိုင်ရင်တော့ Full Access ရမှာဖြစ်တဲ့အတွက် ပိုပြီး အသုံးပြုရတာ အဆင်ပြေစေမှာပါ။ ဒီ App တွေကို အသုံးပြုပြီး ကိုယ့်ဖုန်းထဲမှာပဲ Music တွေကို စိတ်တိုင်းကျ နားဆင်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။

Leave a Reply

social sharing buttons