
ကိုယ့်ရဲ့ ဓာတ်ပုံတွေကို Phone လေးနဲ့ပဲ ပြင်ချင်တဲ့ဆိုတဲ့အချိန်တွေမှာ မိတ်ဆွေတို့အတွက် အသုံးတည့်စေမယ့် App တွေကို ဖော်ပြပေးလိုက်ချင်ပါတယ်။ ကိုယ့်ရဲ့ ဓာတ်ပုံတွေကို ထူးခြားနေအောင်၊ Like, Follower တွေပိုများလာအောင် လုပ်ဆောင်နေသူတွေ ရှိမယ်ဆိုရင် ဒီဖော်ပြသွားမယ့် App တွေက ကောင်းကောင်း အထောက်အကူပြုပေးနိုင်ပါတယ်…
Photo Editor Pro
ဒီ App ကတော့ Google Play Store မှာ Download ရယူနိုင်ပါတယ်။ ကိုယ့်ရဲ့ Photo တွေကို ထူးခြားဆန်းပြားတဲ့ Effect တွေ Filter တွေနဲ့ ပေါင်းပြီး ဖန်တီးချင်သူတွေ အသုံးပြုကြည့်သင့်တဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။ ဒါတင်မကပဲ များစွာသော Grid တွေ Drawing Tool တွေလည်း ပါဝင်သေးတဲ့ အတွက် အသစ်အဆန်းတွေ ဖန်တီးကြည့်ချင်တဲ့ သူတွေလည်း အသုံးပြုကြည့်သင့်တဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။
PicLab
ဒီ App ကလည်း အကောင်းဆုံး Photo Editor App တစ်ခုလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ App ထဲမှာပါဝင်တဲ့ Editing Feature တွေက အတော်ကို စုံလင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒီ App ထဲမှာ Filter တွေလွယ်လွယ်ကူကူ ဖန်တီးနိုင်ပြီး Photo Effect တွေ Light Effect တွေကို အများအပြား ရွေးချယ်အသုံးပြုနိုင်ပါတယ်။
ဒီဖော်ပြခဲ့တဲ့ App (၂) ခုက Android Device တွေအတွက်ဖြစ်ပါတယ်။ iOS အတွက် App (၂) ခုကိုလည်း အောက်မှာ ဆက်လက်ဖော်ပြပေးပါမယ်…
Polarr
ဒီ App ဟာဆိုရင်လည်း iOS App Store မှာ နေရာတစ်ခု ရထားတဲ့ Photo Editing App တစ်ခုဖြစ်ပါတယ်။ ဒီ App ကတော့ ဓာတ်ပုံတစ်ပုံကို ကောင်းကောင်း Edit လုပ်နိုင်သလို ဓာတ်ပုံကနေ အခြား ပန်းချီကား ပုံစံတစ်ခု ဖြစ်အောင် ပြောင်းနိုင်တဲ့ Tool တွေပါဝင်ပါတယ်။ ဒီ App ရဲ့ လူကြိုက်များရတဲ့ အချက်ကတော့ များပြားလာတဲ့ Photo Editing Tool တွေနဲ့ Filter တွေပါဝင်တာ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီ App ကလည်း Photo Editing ဝါသနာပါသူတွေ စမ်းသုံးကြည့်သင့်တဲ့ iPhone App တစ်ခုဖြစ်ပါတယ်။
Ultralight
ဒီ App ကတော့ ဓာတ်ပုံတွေကို အကောင်းဆုံး Edit လုပ်နိုင်ရုံ သာမက ဗွီဒီယိုတွေကိုပါ Edit လုပ်နိုင်တဲ့ iOS App Store မှာ လူသိများတဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App ထဲမှာ ဓာတ်ပုံနဲ့ ဗီဒီယို တွေကို စိတ်တိုင်းကျ Edit လုပ်နိုင်မယ့် Option မြောက်များစွာပါဝင်ပါသေးတယ်။ ဒီ App ရဲ့ အားသာချက်တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် ဓာတ်ပုံတွေရဲ့ Situation နဲ့ Temperature ကိုကောင်းကောင်း Adjust လုပ်နိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဒီ App တွေကို သုံးပြီး ဓာတ်ပုံတွေကို Edit လုပ်ကြည့်ရင်း အကောင်းဆုံး ဖန်တီးမှုတွေကို ဖန်တီးနိုင်ပါစေ။ မိတ်ဆွေတို့သုံးရတာ ကြိုက်တယ်ဆိုတဲ့ App ကိုလည်း ပြန်လည်ဝေမျှသွားနိုင်ပါတယ်။