logo
myanmar
သုံးရတာအဆင်ပြေစေမယ့် Photo Managing App (၃) ခု

သုံးရတာအဆင်ပြေစေမယ့် Photo Managing App (၃) ခု

26 Sept 2022

လူကြီးမင်းတို့ရဲ့ ဖုန်းတွေထဲမှာ Photo တွေကို စနစ်တကျ ထားမယ်၊ ပြန်ရှာတဲ့အချိန်တွေမှာ လွယ်လွယ်ကူကူ ပြန်ရှာနိုင်အောင် နေရာတွေ(Folder) ကို သေချာသတ်မှတ်ထားမယ်၊ ကိုယ်ကဒီပုံကို ဘယ်နေက ရိုက်လာတယ်၊ ဘယ်နေရာမှာ ရိုက်လာတယ် အစရှိတဲ့ အကြောင်းအရာတွေကို Android Device တွေမှာ ပြုလုပ်နိုင်ဖို့အတွက် Photo Management App (၃)ခုနဲ့ ဖော်ပြပေးသွားချင်ပါတယ်…


A+ Gallery

ဒီ App ကတော့ Photo Management Tools တော်တော်များများပါတဲ့ App တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ သူ့ထဲမှာပါတဲ့ အချက်တွေကတော့ Photo တွေကို Automatic Organize လုပ်ပေးခြင်း၊ Photo စ ရိုက်တဲ့အချိန်တွေ၊ နေရာတွေကို အတိအကျမှတ်ထားပေးခြင်း၊ Private Vault ပါဝင်ခြင်း အစရှိတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။


Simple Gallery

ဒီ App ကတော့ Photo တွေကို Highly Customization လုပ်နိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App နဲ့ဆိုရင် Photo တွေကို Organize ကောင်းကောင်းလုပ်နိုင်မယ်၊ Editing လုပ်နိုင်မယ့် Feature တွေပါဝင်မယ်၊ ပျက်သွားတဲ့ပုံတွေကို Recover လုပ်နိုင်မယ့် အစရှိတဲ့ လုပ်ဆောင်ချက်တွေကို လုပ်နိုင်ပါတယ်။ Private Vault လည်းပါဝင်ပါတယ်။ Photo နဲ့ Video Format တော်တော်များများကိုလည်း Support လုပ်ပေးပါတယ်။


Gallery Go

ဒီ Appကတော့အသုံးပြုရတာ ပေါ့ပေါ့ပါးပါးနဲ့ Smart ဖြစ်တဲ့ Photo Management App တစ်ခု ဖြစ်ပါတယ်။ ဒီ App က Google က Built ထားတဲ့ App တစ်ခုဖြစ်ပါတယ်။ Photo တွေကို Auto - Organization လုပ်ပေးခြင်း၊ Photo တွေကိုရှာဖွေတဲ့နေရာမှာလည်း ပိုပြီး မြန်ဆန်ခြင်း၊ Editing လုပ်ရာမှာလည်း အသုံးဝင်တဲ့ Feature အများအပြားပါဝင်ခြင်း အစရှိတာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။


ဒီ App တွေကို အသုံးပြုကြည့်ပြီး မိတ်ဆွေတို့ရဲ့ Photo နဲ့ပတ်သတ်တဲ့ အကြောင်းကိစ္စတွေ စမ်းသပ်ကြည့်နိုင်ပါတယ်။ အရင်ကထက်ပိုပြီး လုပ်ဆောင်ရတာလွယ်ကူပြီး Productive ဖြစ်လာတာကို သတိပြုမိလာပါလိမ့်မယ်။


Recent posts