အင်တာနက် အသုံးပြုမှုတွင်ကျယ်လာတဲ့ အလျှောက် နည်းပညာတွေကလည်း ပိုပိုတိုးတက်လာတာကို တွေ့ရပါတယ်။ လူတိုင်း ကွန်ပျူတာ တစ်လုံးစီ မရှိနိုင်ပေမယ့်၊ ဖုန်းတစ်လုံး စီတော့ ရှိတတ်ကြပါတယ်။ ဒီလိုပဲ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ မှတ်တမ်းတွေ၊ အချက်အလက်တွေ၊ Application တွေ၊ ဓာတ်ပုံတွေ၊ File တွေအစရှိတဲ့ ကိုယ့်အတွက် အရေးကြီးတဲ့ Data တွေကို Smartphone တွေထဲမှာ သိမ်းဆည်းထားလာကြပါတယ်။  ဒီလို Data ကို စိတ်ချလက်ချ သိမ်းဆည်းထားနိုင်ဖို့ အတွက် အကောင်းဆုံးစာရင်း ဝင်ထားတဲ့ Privacy App တွေကို ဖော်ပြေပေးချင်ပါတယ်…

 

 

 

AppLock

 

ဒီ App လေးကတော့ သင့်ဖုန်းထဲမှာရှိတဲ့ Application တွေ တဆင့်ပြန်ပြီး Lock ခတ်ထားလို့ ရတဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။ အဆင့်မြင့်တဲ့ Security နည်းပညာတွေနဲ့ Develop လုပ်ထားတဲ့ App တစ်ခုဖြစ်တဲ့ အတွက် စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။ တစ်စုံတစ်ယောက်က သင် Lock ခတ်ထားတဲ့ App ကိုဖွင့်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် Camera က အလိုအလျှောက် လျှို့ဝှက် ဓာတ်ပုံ ရိုက်ထားပေးနိုင်တဲ့ Feature မျိုးလည်း ပါဝင်ပါသေးတယ်။ 

 

 

 

GlassWire Data Usage Monitor

 

Android User တစ်ယောက်ဖြစ်ပြီး Firewall App ကောင်းကောင်းကို ရှာဖွေနေတဲ့ သူတစ်ယောက်ဆိုရင် ဒီ App ကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။ Firewall App တစ်ခုဖြစ်တဲ့ အတွက်ကြောင့် သင့်ဖုန်းထဲက App Connection တွေကို ထိန်းချုပ်ထားလို့ ရပါတယ်။ App တွေရဲ့ Wifi Connection တွေ Data Usage တွေကို ထိန်းချုပ်ထားနိုင်ပြီး Data Limit တွေ Speed Checking တွေကို Real-time မှာ လုပ်ဆောင်သွားနိုင်ပါတယ်။

 

 

 

ExpressVPN

 

အင်တာနက်သုံးရင်း စိတ်ရှုပ်တဲ့အရာတွေကို မနှစ်သက်တဲ့ သူဆိုရင် ဒီ App ကိုအသုံးပြုကြည့်နိုင်ပါတယ်။ ဘယ်လိုစိတ်ရှုပ်စရာတွေလည်းဆိုရင် သင်က Website တစ်ခုခုကို ဝင်ခဲ့တယ်ဆိုရင် ပြန်ပြီးလိုက်လာတဲ့ Tracking နဲ့ Ads တွေက သင့်ကို စိတ်ရှုပ်စေတတ်ပါတယ်။ ကိုယ့်ကို Tracking လိုက်တဲ့အချက်တွေကို မနှစ်သက်ဘူးဆိုရင် VPN App တွေကို အသုံးပြုပြီး Tracking Block ထားလို့ရပါတယ်။ လူကြိုက်များပြီး Top-rating ရထားတဲ့ VPN App တစ်ခုဖြစ်တဲ့ ExpressVPN ကိုအသုံးပြုကြည့်နိုင်ပါတယ်။ 

 

 

 

Kyms

 

ခပ်မိုက်မိုက် Vault App တစ်ခုကို အသုံးပြုချင်နေတယ်ဆိုရင် Kyms ဆိုတဲ့ App ကိုသုံးကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဒီ App ရဲ့ User Interface က Calculator ပုံစံဖြစ်ပါတယ်။ Calculator App အဖြစ် အသုံးပြုနိုင်သလို Media File တွေ Text File တွေကို လူမသိအောင် သိမ်းဆည်းထားနိုင်ပါတယ်။ Privacy ကိုအရမ်း အလေးအနက်ထားပြီး နေတတ်တဲ့ သူတွေအတွက် ဒီ App လေးက စိတ်ချလုံခြုံရတဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။

 

 

 

သူတစ်ပါးကို မသိစေချင်တဲ့ အကြောင်းအရာတွေ၊ ကိုယ့်ရေးကိုယ်တာ အချက်အလက်တွေ နဲ့ Data တွေကို စိတ်ချလက်ချ သိမ်းဆည်းထားချင်တယ်ဆိုရင် အထက်ပါ App တွေကို အသုံးပြီး သိမ်းဆည်းထားနိုင်ပါတယ်။ အခြား Privacy App ပေါင်းများစွာ ရှိသေးတဲ့ အတွက် သင်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။

 

Leave a Reply

social sharing buttons