logo
myanmar
လူကြီးမင်းတို့အတွက် အကောင်းဆုံး Screenshot Extension (၃) ခု

လူကြီးမင်းတို့အတွက် အကောင်းဆုံး Screenshot Extension (၃) ခု

17 Oct 2022

ကိုယ် Browsing လုပ်နေတဲ့ အရာတွေကို Screenshot ရိုက်ထားချင်တဲ့ အခါမျိုးတွေမှာ Screenshot ဖမ်းနည်း အမျိုးမျိုး ရှိပါတယ်။ ကိုယ်သုံးနေတဲ့ Browser က Chrome Browser ဖြစ်ခဲ့မယ်ဆိုရင် မြန်မြန်ဆန်ဆန်နဲ့ Screenshot ရိုက်နိုင်မယ့် Extension တွေရှိပါတယ်။ ဒီဖော်ပြပေးမယ့် အကြောင်းအရာကတော့ မိတ်ဆွေတို့အတွက် အသုံးဝင်မယ့် အကောင်းဆုံး Screenshot Extension (၃)ခုပဲ ဖြစ်ပါတယ်…


Full Page Screenshot

ဒီ Extension က Chrome Browser မှာအကောင်းဆုံး Screenshot Extension တစ်ခုထဲမှာ ပါဝင်ပါတယ်။ ဒီ Extension ကို Browser မှာ Install လုပ်ထားမယ်ဆိုရင် မိတ်ဆွေတို့ရဲ့ Browser မှာ Camera Icon နဲ့ပေါ်နေမှာ ဖြစ်ပြီး ကိုယ့် Screenshot ရိုက်ချင်တဲ့ Area ကိုရွေးချယ်ပြီး Screenshot ရိုက်နိုင်ပါတယ်။ ရိုက်ထားတဲ့ Screenshot ကို Image သို့မဟုတ် PDF File အဖြစ်နဲ့ Download လုပ်ပြီး အသုံးပြုနိုင်ပါတယ်။


Web Page Screenshot

ဒီ Web Page Screenshot ကတော့ Screenshot ကောင်းကောင်းရိုက်နိုင်တဲ့ Open-Source Extension တစ်ခု ဖြစ်ပါတယ်။ ဒီ Extension ရဲ့အားသာချက်တစ်ခုကတော့ Screen ပေါ်မှာ ပေါ်နေတဲ့ Content တွေကို Horizontal နဲ့ Vertical အနေအထားအဖြစ် ရိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Extension ကတော့ Webpages တွေပဲ Screenshot နိုင်တာပဲ ဖြစ်ပါတယ်။


Lightshot

Lightshot Extension ကတော့ Chrome Browser ရဲ့နောက်ထပ် အကောင်းဆုံး Screenshot Extension တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Extension ရဲ့ အားသာချက်တစ်ခုကတော့ Screenshot ရိုက်တဲ့ အခါမှာ များစွာသော Tool တွေပါဝင်ခြင်းပဲ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ အသုံးဝင်စွာ အသုံးပြုနိုင်ပြီး Border, Text, Blur Out Text တွေထည့်သွင်း အသုံးပြုနိုင်ပါသေးတယ်။


PC တွေမှာ Screenshot ရိုက်ပုံရိုက်နည်း အမျိုးမျိုး ရှိပါတယ်။ အခုဖော်ပြပေးခဲ့တာကတော့ Chrome Browser မှာ မြန်မြန်ဆန်ဆန် Screenshot ရိုက်နိုင်စေမယ့် အကောင်းဆုံး Screenshot Extension တွေပဲ ဖြစ်ပါတယ်။

Recent posts