
စီးပွားရေးအတွက်ပဲဖြစ်ဖြစ် ကျော်ကြားမှုအတွက်ပဲဖြစ်ဖြစ် Facebook Personal Account ထက် Facebook Page တွေကပိုပြီး Useful ဖြစ်ပါတယ်။ Facebook Page တွေက ဘာကြောင့်ပိုပြီး Useful ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်က Facebook Personal Account တွေမှာ လုပ်ဆောင်နိုင်တဲ့ Feature တွေထက် Facebook Page မှာပြုလုပ်နိုင်တဲ့ Feature တွေကပိုများပါတယ်။ Facebook Page မှာ နယ်ပယ်အလိုက် Category ခွဲပြီး Page Create လုပ်နိုင်သလို Ads Run တာတွေကိုလုပ်နိုင်ပါတယ်။
ဒီလို Useful ဖြစ်တဲ့ Feature တွေ Tool တွေအများကြီးရှိတဲ့ကြားမှာမှ Facebook Page တွေအတွက် အသုံးဝင်စေမယ့် Tool တစ်ခုကို ထပ်မံထုပ်ပေးလိုက်ပါတယ်။ ဒါကတော့ Creator Studio ကထွက်တာမကြာသေးတဲ့အတွက် သိပြီးသားလူတွေရှိသလို မသိတဲ့လူတွေလည်းရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီ Tool ထဲမှာလုပ်နိုင်တဲ့ အရာတွေနဲ့ ပါဝင်တဲ့ Section တွေကို ဖော်ပြပေးသွားပါမယ်…
Creator Studio ထဲမှာလုပ်ဆောင်နိုင်တဲ့ အချက်တွေကို မပြောခင်မှာ Tool က Facebook Page ရဲ့ဘယ်နားမှာရှိလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။ Facebook Page ထဲကိုဝင်ပြီး Publishing Tools ကိုဝင်လိုက်တဲ့အခါမှာ Creator Studio ကိုတွေ့ရပါမယ်။ ဒီ Creator Studio ထဲမှာတော့ Content Library ဆိုတဲ့ Tab ထဲမှာမိတ်ဆွေတို့ Publish လုပ်ချင်တဲ့ Post တွေက စနစ်တကျတင်နိုင်မှာ ဖြစ်ပါတယ်။ ဒီ Content Library ထဲမှာ Published, Scheduled, Drafts, Expired, Expiring ဆိုတဲ့ Post Type တွေကိုလည်းတွေ့ရပါမယ်။ ဒီ Creator Studio ထဲမှာ Create လုပ်တဲ့ Post တွေနဲ့ ရိုးရိုး Facebook Page ထဲမှာ Create လုပ်တဲ့ နေရာမှာ လူတွေသတိမပြုမိတဲ့အချက်တွေရှိပါတယ်။ ဒီ Creator Studio ရဲ့ အားသာချက်နောက်တစ်ခုကတော့ Instagram Post တွေကိုပါ ချိတ်ဆက်ပြီး တင်နိုင်တာပဲဖြစ်ပါတယ်။ အရင်တုန်းက Facebook Page မှာ Poll Post တွေတင်လို့ရပေးမယ့် အခုအချိန်မှာ Poll Post တင်ချင်ရင် Creator Studio ထဲကဝင်ပြီး တင်မှသာရပါတော့တယ်။ နောက်ထပ် Creator Studio ထဲမှာပါတဲ့ Section တွေကတော့…
-Insights
-Inbox+
-Monetization
-Right Manager
-Creative Tools
-Settings
-Resources
တို့ဖြစ်ပါတယ်။ နောက်အခါတွေမှာ ဒီ Section တွေရဲ့ အသုံးပြုပုံတွေကိုလည်း ထပ်မံဖော်ပြပေးသွား ပါမယ်။