ဒီတစ်ခါမှာတော့ စာပေတွေ ဖတ်ရှုရတာ နှစ်သက်တဲ့သူတွေအတွက် အင်တာနက်လိုင်း ရှိရုံနဲ့ အေးဆေး Download လုပ်ပြီး e-book နဲ့ AudioBook တွေကို ဖတ်ရှုလေ့လာသွားနိုင်စေမယ့် Site ကောင်းကောင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

The Pirate Bay 

 

ဒီတစ်ခါ ထိပ်ဆုံးပြန်ရောက်လာတာကတော့ Torrent King လို့ တင်စားကြရတဲ့ The Pirate Bay ပဲဖြစ်ပါတယ်။ ဒီ Site ထဲမှာတော့ e-book အမြောက်အများကို Free Download လုပ်သွားလို့ ရပါတယ်။ အခြားသော Download လုပ်နိုင်တဲ့ အရာတွေကတော့ Pirate Bay ကိုသုံးနေကြသူတွေကတော့ သိမှာဖြစ်ပြီး Download လုပ်နိုင်မယ့်အရာတွေကတော့ e-books, AudioBooks, Videos, Movies, Web Series အစရှိတာတွေပဲ ဖြစ်ပါတယ်။ 

 

Wikibooks

 

ဒီ Site ကတော့ Torrent Site တစ်ခုမဟုတ်ပါဘူး။ e-book တွေ အဓိက Download ပြုလုပ်သွားနိုင်မယ့် Site တစ်ခုဖြစ်ပါတယ်။ ဒီ Site ထဲမှာတော့ နာမည်ကြီး စာရေးဆရာတွေ ရေးသားထားတဲ့ e-book တွေကို အလွယ်တကူ ရှာဖွေ Download လုပ်သွားနိုင်သလို တချို့ နာမည်ကြီးမဟုတ်ပဲ လူကြိုက်များတတ်တဲ့ e-book မျိုးတွေပါ ရှိတဲ့အတွက် e-book ဖတ်ရတာနှစ်သက်သူတွေအတွက်ကတော့ တော်တော်ကို အဆင်ပြေစေမယ့် Site တစ်ခု ဖြစ်ပါတယ်။ 

 

1337X

 

e-book တွေကိုရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူ Download သွားပြီး ပြုလုပ်ချင်တဲ့သူတွေအတွက်ကတော့ ဒီ Website ကို Recommend ပေးပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီ Website ရဲ့ UI(User Interface) က အသုံးပြုရလွယ်ကူအောင် ဆောက်လုပ်ထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ e-book ပေါင်း မြောက်များစွာ ဒီ Site ထဲမှာ ရှိနေတဲ့အတွက်ကြောင့် မိတ်ဆွေတို့ အေးအေးဆေးဆေး Download လုပ်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

 

ဒီ Site တွေကတော့ လက်ရှိမှာ e-book နဲ့ AudioBook တွေကို အကောင်းဆုံး Download လုပ်သွားနိုင်မယ့် Site တွေဖြစ်တဲ့အတွက် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

Leave a Reply

social sharing buttons