logo
myanmar
2020 အကောင်းဆုံး Song Finder နဲ့ Detector App (၄) ခု

2020 အကောင်းဆုံး Song Finder နဲ့ Detector App (၄) ခု

10 Aug 2020

နည်းပညာတိုးတက်လာတဲ့ အချိန်ကာလမှာ Entertainment အတွက်ကလည်း အရင်ကနဲ့မတူပဲ ပိုပိုပြီး အဆင့်မြင့်လာပါတယ်။ ကိုယ်က Music, Video, Game အစရှိတဲ့ Entertainment နဲ့ပတ်သတ်တဲ့ အရာတွေကို အင်တာနက်ပေါ်မှာ လွယ်ကူမြန်ဆန်စွာ ရှာဖွေအသုံးပြုနိုင်နေပါပြီ။ ယခုဖော်ပြသွားမယ့် အကြောင်းအရာကတော့ Music နဲ့ပတ်သတ်ပြီး ပိုမိုအသုံးပြုရ လွယ်ကူစေမယ့် Song Finder နဲ့ Detector App တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်…


Musixmatch – Lyrics & Music


သင့်ပတ်ဝန်းကျင်မှာ ကြားနေရတဲ့ သီချင်းသံကို အလွယ်တကူ နဲ့မြန်မြန်ဆန်ဆန် ရှာဖွေနိုင်မယ့် App တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Musixmatch က ကမ္ဘာ့အကြီးဆုံး Lyric Catalog လို့ပြောလို့ရပြီး သင့်နားဆင်ချင်တဲ့ သီချင်းတွေကို Lyric နဲ့အတူ စိတ်ကျေနပ်စွာ နားထောင်နိုင်မယ့် App တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ App ကိုတော့ Google Play Store နဲ့ App Store တို့မှာ Download ပြုလုပ်နိုင်ပါတယ်။


Shazan


ဒီ App ကတော့ လူတော်တော်များများသိတဲ့ Song Finder App တစ်ခု ဖြစ်ပါတယ်။ လူငယ်တွေရဲ့ ဖုန်းတွေထဲမှာ ကိုယ်မသိတဲ့ သီချင်းတွေကို ရှာဖွေဖို့အတွက် Install လုပ်ထားတတ်တဲ့ App တစ်ခုဖြစ်ပြီး Google Play Store နဲ့ App Store မှာ Download ပြုလုပ်နိုင်ပါတယ်။


SoundCloud – Music & Audio


SoundCloud ကတော့ ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများ အခမဲ့ သီချင်းတွေကို Download ပြုလုပ်ကြတဲ့ App တစ်ခု ဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ကို Detect လုပ်ပြီးသွားရင် သီချင်းနဲ့ သက်ဆိုင်တဲ့ Artist နဲ့ Album တွေကိုပါ တစ်ခါထဲ ဆက်စပ်ပြီး ရှာဖွေနိုင်ပါတယ်။ နိုင်ငံတကာ သီချင်းတွေကို နားထောင်ရတာနှစ်သက်တဲ့သူတွေအတွက် ဒီ App လေးက အသုံးပြုရအဆင်ပြေစေမယ့် App တစ်ခု ဖြစ်ပါတယ်။


SoundHound


ဒီ App ကတော့ နာမည်ကြီး Music Streaming App တစ်ခုထဲမှာ ပါဝင်ပါတယ်။ အနီးအနားမှာရှိတဲ့ သီချင်းသံတွေကို ကောင်းကောင်း Detect လုပ်နိုင်တဲ့ App တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ဒီ App ကလည်း သီချင်းနားထောင်းရတာ နှစ်သက်တဲ့ မိတ်ဆွေတွေအနေနဲ့ စမ်းသပ်ကြည့်သင့်တဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။


ဒီ App တွေကတော့ 2020 အကောင်းဆုံး Sound Finder နဲ့ Detector App တွေပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ အသုံးပြုနေတဲ့ App တွေရှိခဲ့ရင်လည်း ဝေမျှခဲ့ပါအုံး။


Recent posts