logo
myanmar
သင့်လုပ်ငန်းအတွက် အလွန်အသုံးဝင်စေမယ့် IG Video Tips များ

သင့်လုပ်ငန်းအတွက် အလွန်အသုံးဝင်စေမယ့် IG Video Tips များ

19 Jul 2022

Business ကို Instagram မှာ Promote လုပ်ပေးမဲ့ ရသင့်တဲ့ ရလဒ်တွေမရရှိခဲ့ဘူးဆိုရင်တော့၊ သင်ဟာ Instagram Feature တွေကို သေချာမသိသေးလို့ပဲဖြစ်ပါတယ်…


Instagram ပေါ်မှာ Run နေတဲ့ Business တော်တော်များများဟာ Branding လုပ်တဲ့အခါမှာ များပြားလွန်းတဲ့ Instagram Video Option တွေနဲ့ အပြိုင်အဆိုင် Branding ပြုလုပ်နေကျပါပြီ။ မိမိရဲ့ Product ကို ကြော်ငြာကျတဲ့ အခါမှာ Image နဲ့တကွ Post တင်တဲ့ နည်းလမ်းဟာ လက်ရှိအသုံးဝင်နေတဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနည်းလမ်းက အချိန်သေချာပေးပြီး ပြုလုပ်ထားတဲ့ Branding Video နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ရလဒ်ကကျဆင်းသွားမှာဖြစ်ပါတယ်။ ယခုမှာတော့ မိတ်ဆွေတို့ အတွက် အသုံးဝင်စေမယ့် Instagram Video Tip တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်…


- Instagram Video Post တင်ခြင်းဟာ သိသိသာသာ အကျိုးရရှိတဲ့အချက်တချက်ဖြစ်ပါတယ်။ သင့် Product ရဲ့ Video Clip ဟာ User တွေရဲ့ Newsfeed မှာ Automatic Play သွားမှာဖြစ်တဲ့ အတွက်သင့် Product Information ကိုအနည်းနဲ့ အများတော့ သိရှိသွားမှာဖြစ်ပါတယ်။


- သင့်ရဲ့ Product/Service ကို Highlight လုပ်ပေးတဲ့ Video တွေကိုပြုလုပ်သင့်ပါတယ်။ ဒီလို Video တင်မယ်ဆိုရင်တော့ Creative ဖြစ်တဲ့ Image ကို Video အစမှာထားပြီး User တွေ Click လုပ်ချင်စိတ်ဖြစ်ပေါ်လာအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။


- DIY Video တွေကို တစ်ခါတစ်လေမှာ User တွေအတွက် Post တင်ပေးခြင်းကလည်း၊ ကိုယ့် Product
ပိုပြီး User Engagement ရရှိစေပါတယ်။ ဒီအချက်ကိုတော့ အလှကုန်ပစ္စည်း ကုမ္ပဏီတွေ အသုံးများတဲ့
Video Option တစ်ခုအနေနဲ့ လည်းတွေရှိရပါတယ်။


- ယာယီ Post တင်ချင်တဲ့ အကြောင်းအရာတွေ၊ Promotion တွေကိုပြုလုပ်မယ် ဆိုရင်တော့ Instagram Stories ဟာအကောင်းဆုံး အသုံးဝင်တဲ့ နေရာပဲဖြစ်ပါတယ်။ ၂၄ နာရီအတွင်းကြေညာချင်တဲ့ Information တွေကိုဆိုရင် Instagram Stories မှာ Video Post တင်ပြီးအသုံးပြုနိုင်ပါတယ်။


ယခုဖော်ပြပေးခဲ့တဲ့ Tip တွေကတော့ မိတ်ဆွေတို့ အတွက် အသုံးဝင်စေမယ့် Instagram Video Tip တွေဖြစ်တဲ့အတွက် မသုံးကြည့်ရသေးတဲ့ Tip တွေရှိခဲ့တယ်ဆိုရင် ကိုယ့် လုပ်ငန်းနဲ့ ကိုက်ညီတဲ့ နည်းလမ်းကို စမ်းသပ် အသုံးပြုကြည့်ဖို့ အကြံပြုပါတယ်။


Recent posts