logo
myanmar
လုပ်ငန်းခွင်မှာ တော်တော်လေးအသုံးဝင်စေမယ့် Tool များ

လုပ်ငန်းခွင်မှာ တော်တော်လေးအသုံးဝင်စေမယ့် Tool များ

22 Jan 2023

လက်ရှိ Digital ခေတ်ကြီးထဲမှာ Business တော်တော်များများက Digital Marketing အကူအညီနဲ့ လုပ်ကိုင်နေကျပါပြီ။ ဒီလိုမျိုး Digital လုပ်ငန်းတွေအတွက်ဆိုရင် အကူအညီပေးနိုင်မယ့် Tool တွေကိုလည်း အသုံးပြုဖို့ လိုအပ်တယ်နော်။ Digital Tool တွေရှာဖွေနေသူလား? ဒါမှမဟုတ် လေ့လာချင်နေတဲ့သူလား? ကဲအောက်က Tool လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ…




Newton



ဒီ Application လေးကတော့သင့်ရဲ့ Client Email တွေကိုတစ်နေရာထဲတစ်စု တစ်စည်းထဲထည့်သွင်းပေး ပါတယ်။ သင့်ရဲ့ Email ကိုဖတ်ပြီးမပြီးကိုလည်းခြေရာခံလို့ရပါသေးတယ်။




2 .Slack




ဒီ Application လေးကတော့ Company တို့ Organization လိုမျိုးတွေအတွက်အဆင်ပြေလွယ်ကူစေမဲ့ app တစ်ခုပါ။ သင့်ရဲ့ Message တွေ File တွေကိုတစ်ဦးချင်းစီ ဒါမှမဟုတ် Group လိုက်ပေးပို့လို့ရပြီး အသုံးပြုရတာလွယ်ကူစေပါတယ်။




Grammarly



သင့်ရဲ့ Client တွေ လုပ်ဖော်ကိုင်ဖက်တွေကိုပေးပို့မဲ့ Email, Message, Document မှာရေးသားထားတဲ့ grammar တွေကို ပြီးပြည့်စုံအောင် စစ်ဆေးပေးမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ Application ပါပဲ။




Cisco Spark



သင့်ဟာတစ်နေ့တာမှာ Meeting များစွာကိုဦးဆောင်ရသူဆိုရင်တော့ဒီ Application ဟာအဖော်မွန်ပါပဲ။ မနက်တိုင်းမှာသင်ရဲ့ Meeting နဲ့ပက်သက်တဲ့ Information တွေကို Message ပေးပို့ပေးမှာဖြစ်ပါတယ်။




Pocket



ဒီ Application ကတော့သင်မဖတ်ရသေးတဲ့ Article တွေကို Save လုပ်ပေးနိုင်ပါတယ်။ သူ့ရဲ့ထူးခြား တဲ့အချက်ကတော့ အလိုအလျောက်အသံထွက်ပြီး ဖတ်ပြနိုင်တာပါ။ဥပမာ – သင် ကားမောင်းနေ စဉ်ဖတ်ပြတာမျိုးပါ။




Stay Focused



သင့်အတွက် အသုံးမလိုတဲ့ Website တွေ
Subdomain တွေကို Block လုပ်လို့ရတဲ့ Application ပါ။ ဘယ် Site ပေါ်မှာအချိန်ဘယ်လောက်ကုန်ဆုံးမယ်ဆိုပြီးလည်း Limit လုပ်လို့ရပါသေးတယ်။




ဒီ Tools လေးတွေက သင့်အတွက် လုပ်ငန်းခွင်မှာ အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။

Recent posts