
Business ကို Digital Marketing နဲ့ချိတ်ဆက်ပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုရင်သင့်ရဲ့လုပ်ငန်းကို Website, Facebook… အစရှိတဲ့ Digital Marketing တစ်ခုခုကိုသုံးမယ်မျှော်လင့်မိပါတယ်။ ဒီတစ်ခါဖော်ပြပေးချင်တာကတော့ သင့်ရဲ့ Website ကို Website ကောင်းတစ်ခုဖြစ်လာစေနိုင်မယ့် အချက်လေးအချို့ကိုဖော်ပြပေးချင်ပါတယ်…
User အမှန်ကို ဆွဲဆောင်ပါ
သင့်ရဲ့ Website ကိုမှန်ကန်တဲ့ Keyword နဲ့ရှာဖွေပြီး Content တွေကိုဝင်ရောက်လေ့လာဖတ်ရှုတတ်တဲ့User တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထို User တွေကိုရဲ့ Page ကိုအမြဲအားပေးနေအောင် သင့်ရဲ့ Website ကိုပရိတ်သတ်ငြီးငွေ့မသွားအောင် မိမိရဲ့ Website ကိုအမြဲ Maintenance လုပ်ပေးပါ။ User တွေကိုဆွဲဆောင်နိုင်မဲ့ ပုံစံလေးတွေလုပ်ပေးပါ။ ဒါဆိုရင်သင့်ရဲ့ Website ကိုအမြဲအားပေးနေတဲ့ User တွေ ဟာလည်း သင်ရဲ့ Website ကိုအားပေးနေအုံးမှာဖြစ်ပါတယ်။
အသုံးပြုမှုကောင်းအောင်မြင့်တင်ပါ
သင့်ရဲ့ Website ကို အရောင်သုံးတာဂရုစိုက်ပေးပါ၊ ဘာကြောင့်လဲဆိုတော့ တစ်ချို့ User တွေမှာ Color Blind ဖြစ်နေတတ်တဲ့အတွက် အရောင်သုံးရင်ဂရုစိုက်ပေးဖို့ အကြံပြုခြင်းဖြစ်ပါတယ်။ Font တွေသုံးရင်
လည်း ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ Headlines တွေကိုဂရုစိုက်ပြီးပြုလုပ်ပေးပါ Headlines တွေကထင်ထင်ရှားရှားရှိဖို့လိုပါတယ်။ Bullet လေးတွေကိုလည်းဂရုတစိုက်နဲ့ အသုံးပြုပေးပါ။ White Space ချန်တာကို လည်း ဂရုတစိုက်လေးပြုလုပ်ဖို့အကြံပြုပါရစေ။ သင့်ရဲ့ Website ဟာ ဘာအတွက်လဲ Business Website လား Blog Website လာဆိုတာကို User တန်းသိနိုင်ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုအသုံးပြုမှုကောင်း တဲ့ Website တစ်ခုဆိုရင် User တွေသင့်ရဲ့ Website ပေါ်မှာအချိန်ကြာကြာရှိနေမှာပဲဖြစ်ပါတယ်။
Layout Design ကိုကောင်းကောင်းဂရုစိုက်ပါ
ဒီ Layout Design ဟာဆိုရင်လည်း ဂရုတစိုက်နဲ့ ပြုလုပ်ရမဲ့ထဲမှာပါဝင်ပါတယ်။ Navigation Bar ကို Userတွေ နှစ်သက်စေမဲ့ ပုံစံလေးတွေပြုလုပ်ရန်အကြံပြုပါရစေ၊ ဘာကြောင့်လည်းဆိုတော့ ဒီ Navigation Bar ဟာ Website ထဲကိုဝင်လိုက်တာနဲ့တန်းမြင်ရမယ့်မြင်ကွင်းဖြစ်နေလို့ပါ။ Search Box ကိုလည်းသိသာထင်ရှားစွာပြုလုပ်ထားရန်လိုအပ်ပါတယ်၊ User တော်တော်များများဟာ ကိုယ်လိုချင်တာကို အမြန်သိလိုတဲ့အခါ
မှာ Search Box ကိုပဲ ရှာကျတာပါအဲ့ထိအချက်လေးကိုလည်းသေချာဂရုတစိုက်ပြုလုပ်ဖို့အကြံပြုပါရစေ။ User တွေဟာ Device အမျိုးမျိုးနဲ့ အသုံးပြုမှာဖြစ်တဲ့ အတွက်ကြောင့် Responsive Layout ဖြစ်ဖို့လဲလိုအပ်ပါတယ်၊ PC မှာအချိုးကျကျပေါ်နေပေးမယ့် Mobile Phone တွေမှာ အချိုးမကျတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ Website Layout ကို Responsive ဖြစ်အောင်ပြုလုပ်ဖို့လည်းလိုအပ်ပါတယ်။ ၁၇.၄%သော User တွေဟာ Mobile Phone တွေကနေ အသုံးပြုကျတာဖြစ်ပါတယ်။
Load Time Speed ကိုမြန်အောင်ထားပြီး Content ကောင်းကောင်းတွေတင်ပါ
သင့်ရဲ့ Website Load Time Speed ကို အတတ်နိုင်ဆုံးမြန်အောင်ထားပေးပါ ဘာကြောင့်လဲဆိုတော့ User အများစုဟာစိတ်မရှာ်တတ်ကျပါဘူး။ User တစ်ယောက်ဟာသင့်ရဲ့ Website ထဲကိုဝင်လိုက်တာနဲ့ချက်ချင်း Website Layout ပေါ်လာရင်တော့ စိတ်ကျေနပ်မှုဖြစ်ပြီး သင့်ရဲ့ Website မှာ သူလိုချင်တဲ့အကြောင်းအရာတစ်ခုခုကို ကြည့်ရှုသွားမှာဖြစ်ပါတယ်။ သင့် Website Time Load Speed ဟာနှေးနေမယ်ဆိုရင်တော့ စိတ်မရှည်တဲ့ User ဆိုရင်အခြား Website တစ်ခုကိုရှာဖွေကြည့်ရှုသွားမှာဖြစ်ပါတယ်။ ဒါကြောင့် သင့် Website ရဲ့ Load Time Speed ကိုအတတ်နိုင်ဆုံးမြန်အောင်ပြုလုပ်ဖို့အကြံပြုပါရစေ။ Content တွေကိုတော့ User တွေ Topic တွေ့လိုက်တာနဲ့ စိတ်ဝင်စားဖတ်ရှုနိုင်အောင် အကောင်းမွန်ဆုံးရေးသားထားဖို့လိုအပ်ပါတယ် Content အတူထည့်ထားတဲ့ Photo ဟာလဲစိတ်ဝင်စားစရာကောင်းအောင်ရေးဆွဲထားဖို့လိုအပ်ပါတယ်။
အထပ်ပါအချက်တွေကို လေ့လာပြီး သင့်ရဲ့ Website ကို User တွေအချိန်ကြာကြာရှိနေအောင်ပြုလုပ်ပြီး၊ Organic Reach နဲ့ Engagement တွေရဖို့အတွက် အကြံပြုပါရစေ။