logo
myanmar
Business အတွက်အချိန်ကုန်သက်သာစေမဲ့ Application များ

Business အတွက်အချိန်ကုန်သက်သာစေမဲ့ Application များ

24 Jun 2018

Business နယ်ပယ်မှာ ပါဝင်တဲ့ Digital Marketing ဆိုတာအချိန်ပေးပြီးလုပ်ဆောင်ရတဲ့ Marketing နည်းလမ်းဖြစ်ပါတယ်။ဒါပေမဲ့ သင့်ရဲ့လုပ်ငန်းတွေကိုချောချောမွေ့မွေ့ပြီးမြောက်ပြီးစွမ်းဆောင်ရည်တွေတိုးတက်လာဖို့အတွက် နည်းလမ်းတွေရှိပါတယ်။ Marketing နဲ့ Business Manager အတွက်ချိန်ကုန်သက်သာပြီး လုပ်ဆောင်စရာတွေကိုအလွယ်တကူတစ်ပေါင်းတစ်စည်းတည်းဖြစ်စေရန်ကူညီပေးမဲ့ Digital Tools တွေကိုဖော်ပြပေးလိုပါတယ်။အခုဖော်ပြမဲ့ Application တွေကသင့်ရဲ့နေ့စဉ်တာဝန်တွေကိုတစ်နေ့ထက်တစ်နေ့ပိုမိုတိုးတက်လာအောင်ကူညီပေးပါလိမ့်မယ်။

1. Newton

ဒီ Application လေးကတော့သင့်ရဲ့ Client Email တွေကိုတစ်နေရာထဲတစ်စုတစ်စည်းထဲထည့်သွင်းပေးပါတယ်။ သင့်ရဲ့ Email ကိုဖတ်ပြီးမပြီးကိုလည်းခြေရာခံလို့ရပါသေးတယ်။

2 .Slack

ဒီ Application လေးကတော့ Company တို့ Organization လိုမျိုးတွေအတွက်အဆင်ပြေလွယ်ကူစေမဲ့ App တစ်ခုပါ။ သင့်ရဲ့ Message တွေ File တွေကိုတစ်ဦးချင်းစီ ဒါမှမဟုတ် Group လိုက်ပေးပို့လို့ရပြီး အသုံးပြုရတာလွယ်ကူစေပါတယ်။

3. Grammarly

သင့်ရဲ့ Client တွေ လုပ်ဖော်ကိုင်ဖက်တွေကိုပေးပို့မဲ့ Email, Message, Document မှာရေးသားထားတဲ့ grammar တွေကို ပြီးပြည့်စုံအောင် စစ်ဆေးပေးမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ application ပါပဲ။

4. Cisco Spark

သင့်ဟာတစ်နေ့တာမှာ Meeting များစွာကိုဦးဆောင်ရသူဆိုရင်တော့ဒီ Application ဟာအဖော်မွန်ပါပဲ။ မနက်တိုင်းမှာသင်ရဲ့ Meeting နဲ့ပက်သက်တဲ့ Information တွေကို Message ပေးပို့ပေးမှာဖြစ်ပါတယ်။

6. Pocket

ဒီ Application ကတော့သင်မဖတ်ရသေးတဲ့ Article တွေကို Save လုပ်ပေးနိုင်ပါတယ်။သူ့ရဲ့ထူးခြားတဲ့အချက်ကတော့ အလိုအလျောက်အသံထွက်ပြီး ဖတ်ပြနိုင်တာပါ။ဥပမာ သင် ကားမောင်းနေစဉ်ဖတ်ပြတာမျိုးပါ။

7. Stay Focused

သင့်အတွက် အသုံးမလိုတဲ့ Website တွေ
Subdomain တွေကို Block လုပ်လို့ရတဲ့ Application ပါ။ဘယ် Site ပေါ်မှာအချိန်ဘယ်လောက်ကုန်ဆုံးမယ်ဆိုပြီးလည်း Limit လုပ်လို့ရပါသေးတယ်။

Ref - socialmeiatoday

Recent posts