logo
myanmar
Social Media နဲ့ Business ချိတ်ဆက်နေသော အရာများ

Social Media နဲ့ Business ချိတ်ဆက်နေသော အရာများ

19 May 2022

ယနေ့လို အချိန်အခါမှာ Social Power က ပိုမို ကျယ်ပြန့်လာတာကို တွေ့ရပါတယ်။ ဒီလိုကြီးမားကျယ်ပြန့်လာတဲ့ Social Media ကိုတွဲပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေရဲ့ ရလဒ်တွေကလဲ ကောင်းတဲ့ ရလဒ်တော်တော်များများကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ Marketing နဲ့ပတ်သတ်တဲ့ အရေးကြီး သုံးသပ်ချက်တွေပါ ရှိလာခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုရင် Consumer တွေရဲ့ 93% ရာခိုင်နှုန်းက Social Media ပေါ်က Review တွေကို ကြည့်ရှုပြီး သူတို့ရဲ့ ဝယ်ယူမှု ပြုလုပ်နေတာကို တွေ့ရပါတယ်။ အဲ့ဒီ 93% ထဲက Consumer တွေထဲမှာမှ 80% သော Customer တွေက သူတို့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ Suggestion တွေကြောင့် ဝယ်ယူမှုပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။

ဒီလို Social Media ပေါ်မှာ အောင်မြင်မှု ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို သုံးသပ်ကြည့်နိုင်မယ့် အချက်တွေကို ပြောရမယ်ဆိုရင်လည်း အောက်ပါအချက်တွေနဲ့ ကြည့်ရှုနိုင်ပါတယ်…

Customer တွေဘက်ယုံကြည်မှု အများအပြား ရရှိလာစေတဲ့ အကြောင်းရင်းကလည်း Social Media ပေါ်မှာ Service နဲ့ Product တွေကို Online Review တွေ Suggestion တွေမှာ တဆင့် ယုံကြည်စိတ်ချစွာ ဝယ်ယူလာကြပါတယ်

စားသောက်ဆိုင်လုပ်ငန်းတွေရဲ့ အဓိက အစားအသောက်တွေရဲ့ ရောင်းအားကလည်း Social Media နဲ့တွဲဖက်လုပ်ကိုင်ပြီး ရောင်းချခဲ့ရတဲ့ ရောင်းအားက 20% - 30% ကြားမှာရှိခဲ့တာကိုလည်း တွေ့ရှိရပါတယ်

ဟိုတယ်လုပ်ငန်းတွေမှာဆိုရင်လည်း တွဲလုပ်ထားတဲ့ Social Media ကြောင့် ရရှိခဲ့တဲ့ Hotel Booking တွေဟာဆိုရင်လည်း 75% အထိရှိလာခဲ့ပါတယ်

Online Recommendation တွေကြောင့် သိရှိလာတဲ့ လူဦးရေ ဟာဆိုရင် 84% အထိရှိလာခဲ့ပါတယ်

Online ပေါ်က Opinion Post တွေကြောင့် ရရှိလာတဲ့ Trusted Consumer တွေဟာဆိုရင်လည်း 68% ရှိလာပါတယ်

Social Media ပေါ်မှာ Trust Ads တွေဟာလည်း 48% အထိ ရှိလာခဲ့ပါတယ်

ဒီရလဒ်တွေကတော့ Business တွေကို Social Media မှာတွဲလုပ်ခဲ့လို့ ရရှိလာတဲ့ ရလဒ်တွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆိုရင်လည်း ရလဒ်တွေက ဒီထက်ပိုပြီး များပြားလာနိုင်ဖွယ်ကိုလည်း တွေ့ရပါတယ်။

Recent posts