logo
myanmar
သတိထားရှောင်ရှားသင့်တဲ့ Social Media ပေါ်ကအမူအကျင့်များ

သတိထားရှောင်ရှားသင့်တဲ့ Social Media ပေါ်ကအမူအကျင့်များ

26 Dec 2018

ယနေ့ခေတ်လို စီးပွားရေးတွေ အပြိုင်အဆိုင် တိုးချဲ့လုပ်ကိုင်နေကျတဲ့အချိန်မှာ မိမိရဲ့ စီးပွားရေးကိုလူသိ များလာအောင်ကြော်ငြာပုံ၊ ကြော်ငြာနည်းကလဲ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ကနေပါဝင် ပါတယ်။ ကိုယ့်လုပ်ငန်းနဲ့ ကိုယ်ကြော်ငြာပုံက ကိုက်ညီမှုမရှိရင် သို့မဟုတ် ကုန်ပစ္စည်းကကောင်းပြီး ကြော်ငြာပုံကလွဲချော်နေမယ်ဆိုရင် လူသိသင့်သလောက် မသိတော့ပဲကုန်ကျစရိတ်တွေအပိုဖြစ်ပြီး ထိရောက်မှုမရှိဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်မို့ ကြော်ငြာဆိုတာ စီးပွားရေးနယ်ပယ်မှာ မရှိမဖြစ်ပါပဲ။ Social Media Marketing မှာပဲဖြစ်ဖြစ်စ်Traditional Marketing မှာပဲဖြစ်ဖြစ် ကြော်ငြာပုံ ထိရောက်ဖို့လိုပါတယ်။

User တွေဟာ Social Media မှာ Promotion နဲ့သက်ဆိုင်တဲ့စာတွေအမြောက်အမြားပေးပို့လျင် Unfollow လုပ်လေ့ရှိပါတယ်။မိမိရဲ့ကုန်အမှတ်တံဆိပ်နဲ့မလျော်ညီတဲ့ဘန်းစကား (Slang)တွေအသုံးပြုလွန်းလျင်လည်း Unfollow လုပ်နိုင်ပါတယ်။

သင့်ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်အတွက် Social Media
Contentတွေကိုသေချာစနစ်တ ကျမရွေးချယ်တာ၊ အချိန်နဲ့အညီ Respondမလုပ်တာမျိုးတွေဆိုရင်တော့သင့်ရဲ့ Social Media မှာရှိတဲ့ Follower တွေကိုဆုံးရှုံး နိုင်ပါတယ်။

သင့်ရဲ့Businessအတွက် Promotion Message တွေအလွန်အကျွန်မတင်သင့်ပါဘူး။သင့်လျော်တဲ့ Promotion နဲ့သက်ဆိုင်တဲ့ Post တွေအပြင်အခြားပညာရေး၊ဖျော်ဖြေရေးနှင့်စိတ်ဓာတ်ခွန်အားပေးတဲ့ Post တွေလဲအထိုက်အလျောက်တင်ပေးသင့်ပါတယ်။

သင့်ရဲ့ Business နဲ့မသက်ဆိုင်တဲ့ post တွေ Information အမှားတွေတင်ခြင်းကိုလည်းရှောင်ရှား သင့်ပါတယ်။ ကိုယ့်ရဲ့ Brand & Audience နဲ့ကိုက်ညီမဲ့ Post တွေကိုပဲရွေးခြယ်တင်သင့်ပါတယ်။

သင့်ရဲ့ Follower တွေအပေါ်ဂရုမစိုက်လျစ်လျူရှုခြင်းကိုလည်းရှောင်ရှားသင့်ပါတယ်။ Follower တွေပေးတဲ့ Comment, Review, Message စတာတွေကိုမပြန်ပဲထားတာကလဲသင့်အတွက် Follower တွေကိုဆုံးရှုံးနိုင်တဲ့အမှားတစ်ချက်ပဲဖြစ်ပါတယ်။ ဒါကြောင့်မိမိရဲ့ Follower တွေပေးတဲ့အကြံဉာဏ် ဒါမှမဟုတ် သူတို့လိုအပ်ချက်တွေကို ဂရုတစိုက်ဖြေကြားပေးသင့်ပါတယ်။

အခုဖော်ပြတဲ့အချက်တွေကနေလေ့လာပြီးမိမိရဲ့ Brand Or Service အတွက်ရှောင်ရှားသင့် တဲ့အချက်တွေ ကိုသိပြီးပြီဆိုရင်တော့ အဆင်ပြေချောမွေ့တဲ့ Customer Relationship ကိုတည်ဆောက်နိုင်ဖို့မျှော်လင့်ပါ တယ်။

Ref-socialmediatoday

Recent posts