17 Mar 2020
လက်ရှိနိုင်ငံအများအပြားများ ဖြစ်ပေါ်နေတဲ့ အဆုတ်ရောင်ရောဂါလို့ သိထားရတဲ့ Covid-19 ရောဂါ ကိုကျနော်တို့အနေနဲ့ ပေါ့ဆမှုမရှိပဲ ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်ဖို့လိုပါတယ်။ ကုသမှုထက် ကြိုတင်ကာကွယ်တာက ပိုပြီးထိရောက်မှုရှိပါတယ်။ ထိရောဂါပိုးက ကူးစက်နှုန်းများလာတာကိုလည်း ကျန်းမာရေးဌာနတွေ၊ နိုင်ငံတကာသတင်းတွေမှာလည်း တွေ့မြင်ပြီးကြပြီ ထင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အတွက် Covid-19 ရောဂါနဲ့ ပတ်သတ်တဲ့ဆောင်ရန်ရှောင်ရန် အချက်တွေကို ဖော်ပြလိုက်ပါတယ်…
-လက်ကိုသန့်ရှင်းစင်ကြယ်အောင်ထားပါ။ (မကြာခဏ ဆေးပေးပါ)
-နှာချေ၊ ချောင်းဆိုးသည့် အခါတိုင်းမှာလည်း နှာခေါင်းနှင့်ပါးစပ်ကို သေချာဖုံးအုပ်ထားပါ။
-တကယ်လို့ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ တစ်ရှုးအသုံးပြုခဲ့ပါက အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပေးပါ။
လက်ကို စနစ်တကျ ပြန်လည်ဆေးကြောပါ။
-ကိုယ်ခံအားကောင်းမွန်နေစေဖို့အတွက် အာဟာရရှိတဲ့ အစားအစာတွေကို စားပေးပါ။
-တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဦးစားပေးဖို့ လိုအပ်ပါတယ်။
-အိပ်ရေးဝဝအိပ်ပါ
-Public Area တွေမှာ အရာဝတ္ထုတွေကို ကိုင်မိတဲ့အခါ Hand Gel ချက်ချင်း အသုံးပြုသင့်ပါတယ်
-ရေများများ သောက်ပါ
ဒီအချက်တွေကို သတိထားပြီး နေထိုင်မယ်ဆိုရင် Covid-19 ရောဂါကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ အဆုတ်ရောင်ရောဂါ လက္ခဏာတွေကို ဖြစ်ပွားနေတယ်လို့ သံသယ ရှိခဲ့တယ်ဆိုရင်တော့ နီးစပ်ရာ ဆေးဌာနတွေကို အမြန်ဆုံး သတင်းပို့ပြီး ဆေးကုသမှုခံယူပါ။ Covid-19 ရောဂါနဲ့ ပတ်သတ်တဲ့ သတင်းတွေကိုလည်း သက်ဆိုင်ရာဌာနများကတရားဝင်ထုတ်ပြန်တဲ့ သတင်းတွေကိုသာ မပျက်စောင့်ကြည့်စေချင်ပါတယ်။
Ref - Ministry of Health and Sports, Myanmar