10 Oct 2019
အောက်တိုဘာလ ၁ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံး ယူနီကုဒ် စံစနစ်ကို တရားဝင်ပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်။ ဒီလိုပြောင်းလဲသုံးစွဲခဲ့ရတဲ့ အကြောင်းရင်းက နိုင်ငံတကာရင်ဘောင်တန်း နိုင်လာစေရန် ဖြစ်ပါတယ်။ ဒီ ယူနီကုဒ်ကို တစ်နိုင်ငံလုံး သုံးစွဲဖို့ တိုက်တွန်းရာမှာလည်း နိုင်ငံရေးလှည့်ကွက်နဲ့ လုံးဝမသက်ဆိုင်တာကိုလည်း ပြောပြချင်ပါတယ်။ ဒီလိုထင်မြင်ချက်တွေက လွဲမှားနေတဲ့ အယူအဆတွေပဲ ဖြစ်ပါတယ်။
Electronic Device တွေနဲ့ Digital Platform တွေပေါ်မှာ မြန်မာစာစနစ် ကောင်းကောင်းမွန်မွန်နဲ့ မှန်ကန်တိကျဖို့အတွက် ဒီ ယူနီကုဒ်စနစ်ကို အသုံးပြုလာကြရတာပါ။ နိုင်ငံတကာနဲ့ ချိတ်ဆက်မှုတွေ ကောင်းမွန်စွာပြုလုပ်နိုင်ဖို့ အတွက် ယူနီကုဒ်ကသာ အသင့်တော်ဆုံး စံစနစ်ပဲ ဖြစ်ပါတယ်။ ယူနီကုဒ်ရဲ့ ကောင်းကျိုးတွေက ဘာလဲဆိုရင်... နိုင်ငံတကာဘာသာစကားတွေကို ဘာသာပြန်ပေးနိုင်ပါတယ်၊ Google Application တွေမှာ မြန်မာဘာသာစကားနဲ့ Smart ကျကျ အသုံးပြုလာနိုင်ပါတယ်။ ဒီအချက်မှာ ပြောစရာရှိတာက တစ်ချို့ စကားစုတွေကို မြန်မာဘာသာကို ပြန်ပေးရာမှာ တိုက်ရိုက် အဓိပ္ပါယ် မထွက်လာတာတွေရှိပါတယ်။ ဒီအချက်က မြန်မာတစ်နိုင်ငံထဲမှာ မဟုတ်ပါဘူး တခြားနိုင်ငံတွေမှာလည်း ဒီလိုပြဿနာတွေ ရှိပါတယ်။ အဓိပ္ပါယ်လုံးဝ မသိတာထက်စာရင် ဒီအချက်က အသုံးဝင်ပါတယ်။ အင်္ဂလိပ်စာကနေ မြန်မာစာကို ပြောင်းတဲ့နေရာမှာ သိပ်မသိသာပေမယ့် အခြားမရင်းနီးတဲ့ ဘာသာစကားတွေဖြစ်တဲ့ တရုတ်စာ၊ ထိုင်းစာ၊ ဂျပန်စာတွေကနေ မြန်မာစာကို ပြောင်းလဲတဲ့နေရာမှာတော့ အဓိပ္ပါယ်လုံးဝမမှန်ခဲ့ဘူးဆိုရင်တောင် အရိပ်အမြွက် အနေနဲ့နားလည်နိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် စားသောက်ဆိုင်တစ်ဆိုင်မှာ ကိုယ်လုံးဝ နားမလည်တဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ ခေါက်ဆွဲကြော်တစ်မျိုးကို ဘာသာပြန်တဲ့ အခါမှာ ကြော်ခေါက်ဆွဲဆိုပြီး ဘာသာပြန်ထွက်လာတဲ့အခါမှာ လုံးဝနားမလည်တာထက်စာရင် ကိုယ်နားလည်နိုင်တဲ့ စကားလုံးတော့ ထွက်လာနိုင်ပါတယ်။ ဒီအချက်ကိုတော့ Google Lens ကိုအသုံးပြုပြီး လုပ်ဆောင်နိုင်ပါတယ်။ Google Map မှာလည်းသင့်သွားချင်တဲ့နေရာတွေ၊ လမ်းတွေကို မြန်မာဘာသာစကား (စာ/အသံ) တွေနဲ့ လမ်းညွှန်မှုတွေပါ လုပ်ဆောင်ပေးပါသေးတယ်။ ဒီအချက်တွေက တခြားနိုင်ငံကိုပဲ ခရီးသွားတာပဲ ဖြစ်ဖြစ်၊ တခြားနိုင်ငံကသူတွေ မြန်မာနိုင်ငံကိုပဲ ခရီးထွက်လာတာပဲ ဖြစ်ဖြစ် အနည်းနဲ့အများတော့ အဆင်ပြေချောမွေ့ စေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့လည်း အောက်တိုဘာလ ၁ ရက်နေ့မှာ တစ်နိုင်ငံလုံး ယူနီကုဒ်ကို အသုံးပြုပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အစိုးရရုံးတွေနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနတွေ အားလုံးလည်း ယူနီကုဒ်စံစနစ်ကို ပြောင်းလဲသုံးစွဲနေကြပြီ။ အောက်တိုဘာ ၁ ရက်နေ့နဲ့ ရက်အနည်းငယ်သာ ယူနီကုဒ်ကို ပြောင်းလဲအသုံးပြုပြီး နောက်ပိုင်းမှာ ဇော်ဂျီကို ပြန်လည်သုံးစွဲနေတဲ့ မီဒီယာအချို့ကိုလည်း တွေ့မြင်နေရပါတယ်။ ဒီတစ်ချက်က ကိုယ်ကျိုးစီးပွားတစ်ခုထဲကြောင့် စံစနစ်ကို အသုံးပြုဖို့ ညင်းဆန်နေတာလို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် ခေတ်မီနိုင်ငံတော်ပြုပြင်ပြောင်းလဲရေးမှာ ယူနီကုဒ်ပြောင်းလဲသုံးစွဲခြင်းဖြင့် နိုင်ငံသားကောင်းတစ်ယောက်အဖြစ် ဂုဏ်ယူလိုက်ကြပါစို့။
မိတ်ဆွေတို့ အနေနဲ့ ပြောင်းလဲသင့်နေပြီတဲ့ အချိန်ကာလလည်း ရောက်လာပြီ ဖြစ်တဲ့အတွက် မိတ်ဆွေတို့ရဲ့ ဖုန်းတွေမှာလည်း ယူနီကုဒ်ကို ပြောင်းလဲဖို့ လိုအပ်ခဲ့ရင် ဒီ Link (ယူနီကုဒ် ပြောင်းလဲ ပြင်ဆင်ရန်) မှာဝင်ရောက်လေ့လာ ပြောင်းလဲနိုင်ပါပြီ။