ယနေ့ခေတ်မှာ သန်းပေါင်းများစွာသောသူတွေဟာ Messaging Application တွေကိုအသုံးပြုကျပါတယ်။ ထိပ်တန်း Social Networks တွေထက်တောင် Messaging Application တွေဟာပိုမိုအသုံးပြုမှုများ တယ်လို့ လေ့လာမှုတွေအရတွေ့ရပါတယ်။ 2016 ခုနှစ်မှာဆိုရင် Messaging App တွေကိုသုံးစွဲသူပေါင်း 1.4 Billions ထက်ကျော်လွန်ခဲ့ပါတယ်။ယခုဆိုရင်တော့ Brand နဲ့ Business တွေအတွက် Facebook Messenger, Kik, Wechat, Slack စတာတွေမှာ Customer support ပိုင်းကို အချိန်မရွေးကောင်းကောင်း ပံ့ပိုးပေးနိုင်တဲ့ Chatbot တွေပေါ်ပေါက်နေပါပြီ။ ဒါကြောင့် Chatbot တွေရဲ့ထူးခြားချက်တွေကိုဖော်ပြပေး လိုပါတယ်။

September လမှာကောက်တဲ့စစ်တမ်းတွေအရ Facebook ရဲ့ Chatbots ပေါင်း သုံးသောင်းကျော်ကို နိုင်ငံပေါင်း နှစ်ရာကျော်မှာ လူသန်းပေါင်းများစွာကအသုံးပြုနေကျပါတယ်။ Chatbot အများစုရဲ့ Conversation အစမှာတော့ Hi နဲ့ Hello ဟာဆိုရင် Popular အဖြစ်ဆုံးနည်းလမ်းတွေပဲဖြစ်ပါတယ်။ 63% သောသူတွေဟာ Brand ဒါမှမဟုတ် Business တစ်ခုနဲ့ဆက်သွယ်စာပို့ဖို့အတွက် Online Chatbot တွေအသုံးပြုရတာကိုနှစ်သက်ပါတယ်။ 27% သောသူတွေကတော့Online ပေါ်ကနေစျေးဝယ်ရာမှာလဲ Chatbot တွေကနေတစ်ဆင့်ကိုယ်နှစ်သက်ရာကိုရွေးချယ်ပြီး ဝယ်ယူရတာကို ဖုန်းဒါမှမဟုတ် အခြားနည်းလမ်းတွေနဲ့ဝယ်ယူရတာကိုပိုမိုနှစ်သက်ကျပါတယ်။ဒါ့အပြင် အစားအသောက်နဲ့ Hotel ၊ရုပ်ရှင်ရုံ အစရှိတာတွေကို  Chatbot ကိုအသုံးပြုတဲ့အခါ ဝယ်ယူစားသုံးတာဒါမှမဟုတ်ကြိုတင်လက်မှတ်ယူ တာတွေကို အရင်ကထက်ပိုမိုပြုလုပ်လာကျပါတယ်။

Chatbot တွေမှတစ်ဆင့် အစားအသောက်မှာယူတာ ၊လေယာဉ်လက်မှတ်မှယူတာမှအစ Brand နဲ့ Businessတွေအတွက်အမျိုးမျိုးသောအကြောင်းအရာတွေအကြံပြုချက်တွေအတွက်အသုံးပြုလို့ရတဲ့အတွက် Marketing ပိုင်းနဲ့ Customer Support ပိုင်းအတွက် အလွန်အထောက်အကူပြုတဲ့နည်းလမ်း တစ်ခု ပဲဖြစ်ပါတယ်။ ယခုဆို စီးပွားရေးလုပ်ငန်းများ နဲ့ကုန်အမှတ်တံ ဆိပ် အများစုဟာ Chatbotတွေကို စိတ်ဝင်စားဖွယ်နည်းလမ်းအမျိုးမျိုးနဲ့အသုံးပြုနေကျပါပြီ။ ဒါကြောင့် Chatbots တွေဟာ Digital နည်းပညာ ရဲ့ကြီးမားတဲ့ပြောင်းလဲမှုတစ်ရပ်ပါပဲ။

Ref – Inc.com

Leave a Reply

social sharing buttons